part 1

4.1K 76 5
                                    

ပန်း ပျိုး လက် ( ၁ ) ပန်းရင့်ဋီကာ 🌸

" နင်ဟာလေ ကောင်းကျိုးမပေးတဲ့ကလေး .."

ရုတ်တရက် နားထဲဝင်လာသည့်အသံကြောင့်
သံစဥ်တခုမှာ စီးမြောနေရာမှ ဆတ်ခနဲဖြစ်သွားရသည် ။

ပတ်ဝန်းကျင်ကိုလည်း သတိထားလိုက်မိ၏ ။

အသက်အရွယ်အားဖြင့်
လေးဆယ်ကျော်ရုံသာရှိသေးမည့် အမျိုးသမီးက
ရှစ်နှစ်အရွယ်ကောင်လေးတယောက်ကို ဆူပူနေသည် ။

" နင့်ကိုမွေးပြီးကတည်းက ငါ့မှာအခက်အခဲချည်းဘဲ
ငါကောင်းကောင်းရှာဖွေကျွေးနေရင် အေးဆေးစားစမ်းပါ "

ဂျိုင်းပြတ်အကျီပေစုတ်စုတ်လေးကိုဝတ်ထားပြီး
လက်ထဲမှာလဲ ပေါင်မုန့်တချပ်ကို ကိုင်ထားတဲ့ကလေး ။

မျက်လုံးဝိုင်းလေးနဲ့ သူ့အမေကိုပြန်ကြည့်နေပုံက
နားမလည်သလို ဖြူစင်သည့်အကြည့်လေးတွေနဲ့ဖြစ်သည် ။

ဟုတ်တာပေါ့ ။

ဒီအရွယ်ကလေးတယောက်က ဘာနားလည်ဦးမှာလဲ ။

မိဘတွေခက်ခဲပါစေတော့ရယ်လို့
ဒီကလေးစိတ်မှာ ဘယ်လိုရည်ရွယ်ခဲ့မှာလဲ ။

ကံကြမ္မာဆိုလျှင်တောင်မှ
အဲ့ဒီကံကြမ္မာကို ဒီကလေးဘယ်လိုသိမှာတဲ့​လဲ ။

" ငါ့မှာ စားဖို့သောက်ဖို့ရှာရတာတမျိုး
နင့်အရှုပ်တွေကို လိုက်ရှင်းရတာတမျိုးနဲ့ .."

အရှုပ်တွေ ။ အရှုပ်တွေတဲ့လား ။

ဒီအရွယ်ကလေးတယောက်က
ဘယ်လောက် ကြီးလေးသည့်အရှုပ်ကို လုပ်နိုင်မှာမို့လဲ ။

ဒီအတွေးကို တွေးမိတော့ သူ့ရင်ထဲမှာ နွေးသွားရသည် ။

ချစ်တဲ့စိတ်နဲ့ကြည့်ရင် အရာရာဟာ လှပ,နေမှာပါဘဲ ။

ဘယ်လိုအမှားမျိုးကိုဘဲလုပ်လုပ်
ချစ်တဲ့စိတ်သာ အနိုင်ရနေရင် အရာရာကိုခွင့်လွှတ်နိုင်မှာပါ ။

ချစ်တဲ့စိတ်ဆိုတာကလဲ
ပူလောင်တဲ့ချစ်ခြင်းတွေကိုပြောတာမဟုတ်ဘဲ
အေးမြတဲ့မေတ္တာတွေနဲ့ရောစပ်ထားတဲ့ချစ်ခြင်းတွေက
လူတယောက်ကို နွေးထွေးလုံခြုံစေခဲ့မှာပါလေ ။

ပန်းပျိုးလက်  ))) 🥀 (((Where stories live. Discover now