Part 20 ( အတိတ်တို့ တခန်းရပ်ခဲ့ပြီ )

773 54 4
                                    

" ကိုကိုက ဋီကာ့ကိုချစ်နေတာတဲ့ .."

" ဘာ .."

" လင်းက ပြောတယ် .. ကိုကိုက ဋီကာ့ကို "

" တော်တော့ဋီကာ .."

" ............... "

အထိတ်တလန့် ပိတ်ပင်တားဆီးလိုက်မိသည့်အသံက
အခန်းအတွင်းမှာ ခပ်ကြိတ်ကြိတ်ပဲထွက်ပေါ်လာသည် ။

ဋီကာ့မျက်နှာ ဘယ်လိုရှိမယ်မှန်းမသိနိုင်အောင်
လူသစ်နေ၏မျက်နှာမှာ အပူငွေ့တို့ လွှမ်းခြုံနေသည် ။

ဖုံးကွယ်ထားတာတွေကို တူးဖော်ခံလိုက်သူလိုမျိုး
အခုချိန်မှာ လူသစ်နေ၏စိတ်တွေသည် တည်ငြိမ်မှုမဲ့နေ၏။

လှုပ်ရှားလွန်းနေသည့်စိတ်အစဥ်ကို
အံကိုတင်းတင်းကြိတ်ကာ ထိန်းနေရသလို
အစွန်းဆုံထိ ငြင်းပယ်သွားဖို့ကိုလည်း သူ့ဦးနှောက်က
သူ့ကို အရှိန်ပြင်းပြင်းနှင့် အချက်ပေးနေခဲ့လေသည် ။

ဒီနေရာမှာ သူ့ကိုညှင်းပမ်းနှိပ်စက်ပြီး
မေးမယ်ဆိုလျှင်လည်း အဖြေသည် ပြောင်းလဲစရာမရှိ ။

သတ္တိမရှိဘူးလို့ပဲဆိုဆို သူ့ဘဝမှာ
တဇွတ်ထိုးလုပ်ပြစ်ဖို့အခွင့်အရေးဆိုတာ
ဘယ်တုန်းကမှ မရှိခဲ့သလို သူကိုယ်တိုင်သည်လည်း
ကိုယ့်စိတ်ခံစားချက်ထက် ကိုယ်ချစ်ရတဲ့မိန်းကလေးကို
ပိုပြီးတွေးပေးတတ်သူမို့ လူသစ်နေဆိုတဲ့ သူ့အတွက်တော့
အချစ်ဆိုတာ လျှို့ဝှက်ချက်တခုရယ်ပါပဲ ။

တသက်လုံး လျှို့ဝှက်သိမ်းဆည်းသွားရမယ့် အရာ ။

ထာဝရမြှုပ်နှံသွားရမည့်
သူ့ဘဝ,ရဲ့ မျှော်လင့်ချက်အိပ်မက် ။

" လင်းပြောတာ တကယ်မဟုတ်ဘူးမို့လားဟင် "

" ကြံကြံဖန်ဖန်ဋီကာရယ်
ကိုကိုဋီကာလေးကိုချစ်တယ်ဆိုတာက .. "

" ညီမလေးလို .. ကိုကို့ရဲ့ညီမလေးလို .. "

" .............. "

" အဲ့ဒီလိုမဟုတ်လားဟင် "

သူ့စကားကို ဝင်ထောက်လိုက်သည့်ဋီကာလေးကြောင့်
လူသစ်နေမှာ အတန်ကြာသည်အထိ တိတ်ဆိတ်သွားမိသည်။

ပန်းပျိုးလက်  ))) 🥀 (((Where stories live. Discover now