Part 24 🚨🚨

5.3K 104 12
                                    

" အားလုံးအသိသက်သေတွေရဲ့ရှေ့မှာ
ဒေါက်တာလင်းမြတ်နဲ့ ဒေါက်တာပန်းရင့်ဋီကာတို့ရဲ့
တရားဝင်စေ့စပ်ကြောင်းလမ်းခြင်းကိစ္စ အထမြောက်ပါပြီ "

ရှေ့နေတဦးရဲ့စကားအဆုံးမှာတော့
ဖိတ်ကြားထားသည့်ဧည့်သည်တချို့၏
ချီးမြှောက်သည့်စကားသံတွေက လူသစ်နေရဲ့
အိမ်ဝန်းအတွင်းမှာ ပျံ့လွင့်လို့သွားလေသည် ။

နှစ်ဖက်မိဘအနေနဲ့
တင်ပေးတဲ့ပစ္စည်းတွေကလည်း
မယုံနိုင်လောက်အောင် များပြားလွန်းတာမို့
အားလုံးက အံ့သြယူရတဲ့အထိဖြစ်လေသည် ။

ဝမ်းသာခြင်း ဂုဏ်ယူခြင်းတွေပြည့်လျှံနေသည့်
လူအများရဲ့အလယ်မှာတော့ ကြိုးစားပြုံးနေရသူက,
လူသစ်နေတယောက်ထဲသာရှိလေသည် ။

ဋီကာကတော့ မရယ်မပြုံးမျက်နှာလေးနှင့်
ဘယ်သူ့ကိုမှမကြည့်ဘဲ မျက်လွှာလေးကိုချထားသည် ။

ကြီးကြီးမိုးကတော့ ပြုံးနေပေမယ့်
ကလေးတွေရဲ့ခံစားချက်ကို ရိပ်မိနေသူမို့
ပျော်တဝက် မပျော်တဝက်နှင့် ဘေးလူအဖြစ်နဲ့သာ
ကြည့်နေရုံအပြင် ဘာမှမတတ်နိုင်ခဲ့ပါဘူး ။

ကာယကံရှင်တွေကိုယ်တိုင် ရွေးချယ်ထားသည့်လမ်းတွေမို့
ခလုတ်မထိ ဆူးမငြိဖို့ကိုသာ ဆုတောင်းပေးနေမိလေသည် ။

နှစ်ဖက်မိတ်ဆွေ ဧည့်ပရိတ်သတ်အစုံဖြင့်
မနက်ခင်းမှာ ဋီကာလေးရဲ့စေ့စပ်ပွဲ ပြီးဆုံးသွားခဲ့သည် ။

အစားအသောက်နဲ့ ကျွေးမွေးဧည့်ခံပြီး
လူကြီးတချို့လည်း ပြန်သွားကြလေသည် ။

ရှေ့နေအသိုင်းအဝိုင်းနဲ့
ဆရာဝန်အသိုင်းကလူတွေချည်းသာမို့
လူသစ်နေတို့ရပ်ကွက်က လူတချို့ကတော့
ခပ်ရှိန်ရှိန်ဖြစ်ကာ လာရောက်သူ နည်းပါးခဲ့သည် ။

လူသစ်နေကျောင်းဆရာဘဝတုန်းက
လုပ်ဖော်ကိုင်ဖက်တချို့သာ လာရောက်ခဲ့ကြပြီး
အားလုံးက ဋီကာလေးအတွက် ဝမ်းသာနေခဲ့ကြသည် ။

" ဆရာသစ် ပင်ပန်းရကျိုးနပ်တာပေါ့
ဋီကာလေးက အရမ်းတော်တဲ့ကလေးလေးဗျ
ဆရာဝန်လဲဖြစ်သလို ဆရာဝန်နဲ့လက်ထပ်မှာဆိုတော့
ဆရာသစ်ကတော့ ကျေနပ်နေတော့မှာဘဲဗျို့  ..."

ပန်းပျိုးလက်  ))) 🥀 (((Where stories live. Discover now