Part 21

664 46 6
                                    

" ဋီကာ ဒီအရောင်လေးကြိုက်လား
ကိုယ်က အဲ့ဒီထက် နည်းနည်းဖြူတာလေးယူမလားလို့ "

" လင်းသဘောလေ  .."

" ကိုယ့်သဘောချည်း မလုပ်ပါနဲ့
ဋီကာကြိုက်တာလဲရွေးဦးပေါ့ လာပါကွာ .. "

လင်း,ဆွဲခေါ်သည့်နောက်သို့ ဋီကာသည်
စိတ်လက်မကြည်မသာနှင့် လိုက်ပါလာရသည် ။

preweddingအတွက် ဝတ်စုံလာရွေးကြသည့်
နှစ်ဦးသဘောတူ ချစ်သူနှစ်ဦးတို့၏ လက်ရှိအခြေအနေသည်
ပျော်ရွှင်ခြင်းတဝက် နာကျင်ခြင်းတဝက်နှင့်ပါပဲ ။

လင်း,ပျော်နေတာကိုကြည့်ရင်း
ဋီကာ့ရင်ထဲမှာ လှိုက်ကာလှိုက်ကာဝမ်းနည်းလာသည် ။

ဆုံးဖြတ်ချက်တွေ မပြင်ချင်သလို
လက်ရှိအချိန်တွေကိုလည်း မေ့ပြစ်ချင်ပြန်သည် ။

လွန်ဆွဲနေသည့်စိတ်အစဥ်သည် ယိမ်းထိုးလျှက် ။

အေးစိမ့်မွှေးပျံ့သည့်အခန်းကြီးထဲမှာပင်
ဋီကာ့ရဲ့စိတ်တွေ ရှုပ်ထွေးနောက်ကျိနေသည် ။

" ဒီကာလာလေးမဆိုးဘူးဋီကာ
နို့ခဲရောင်ဆိုတော့ အရမ်းကြီးလဲမဖြူတော့ဘူး "

လင်းက dress လှလှတထည်ရဲ့ရှေ့မှာရပ်ကာ
ဋီကာ့ကိုကြည့်ပြီး စိတ်ကူးနဲ့နှိုင်းယှဥ်နေပုံရသည် ။

ခဏအကြာမှာတော့ လင်းရဲ့ရွေးချယ်မှုဖြင့်
ဋီကာ့ကိုယ်ပေါ်မှာ dressတထည်က နေရာယူလာသည်။

" သတို့သမီးလေးက လှလိုက်တာ
အကိုလည်းဝတ်ကြည့်ပါဦး အရမ်းလိုက်မှာ "

ရွေအိုရောင်ဆံပင်ပုခုံးအတိလေးနှင့်
ရင်ပြတ်ဂါဝန်ရဲ့ပံ့ပိုးပေးမှုတို့နှင့်အတူ ဋီကာသည်
ဖယောင်းပွင့်လေးလို ဖြူလွလှပလို့နေလေသည် ။

လင်းသည်လည်း ဋီကာ့လို ကာလာတူဖြစ်ကာ
နက်ကတိုင်ကိုတော့ ခဲရောင်လေးကိုရွေးထားသည် ။

အနည်းငယ်ပြင်ဆင်လိုက်သည်နှင့်
လိုက်ဖက်သည့်စုံတွဲအသွင်ကို မြင်တွေ့ ရသည် ။

ဒေါက်တာလင်းမြတ်နဲ့
ဒေါက်တာပန်းရင့်ဋီကာဆိုတဲ့ ဆရာဝန်စုံတွဲနှစ်ဦးဟာ
သိပ်မကြာခင်အချိန်အတွင်းမှာဘဲ စေ့စပ်ကြတော့မည် ။

ပန်းပျိုးလက်  ))) 🥀 (((Where stories live. Discover now