Part 8

493 32 1
                                    

ပန်း ပျိုး လက် ( ၈ ) ပန်းရင့်ဋီကာ 🌸

2010 ⛈ မိုးရာသီအလွန် ။

ဆောင်းလေလေး ဝေ့တိုက်လာတတ်ပြီဖြစ်တာမို့
မျက်နှာချင်းဆိုင်အရပ်ဆီမှ ဆောင်းလေအေးတွေက
လူသစ်နေတို့ရဲ့အိမ်လေးထဲကို ဝင်ရောက်နေကြသည် ။

မနက်ခင်း ကျောင်းသွားဖို့ပြင်နေသည့်လူသစ်နေက
အခုထိ အိပ်ယာထဲမှာကွေးနေသေးသည့်ပန်းနုလေးကို
အိပ်ယာထ,ဖို့အတွက် ခေါ်ထုတ်ရတော့မည်ဖြစ်သည် ။

အဆာပြေစာစားဖို့လည်း ပြင်ပြီးပြီမို့
ထမင်းချိုင့်အတွက်လဲ တမျိုးပြင်နေရပြန်သည် ။

အခုဆိုရင် ပန်းနုလေးက
ငါးတန်းကျောင်းသူလေးဖြစ်နေပြီး
လူသစ်နေ တာဝန်ကျသည့်ကျောင်းမှာဘဲ
ပန်းနုလေးကို ကျောင်းထားပေးရသည် ။

ဆရာလူသစ်နေရဲ့ညီမလေးအဖြစ်
တကျောင်းလုံးက ပန်းနုလေးကိုမျက်နှာသာပေးကြသည်။

သူငယ်ချင်းတွေက အရေးတယူရှိကြသလို
ဆရာ/ဆရာမများကလည်းဘဲ ပန်းနုနုဆိုရင်
ဆရာလူသစ်နေရဲ့ညီမလေးအဖြစ် သိထားပြီးဖြစ်သည်။

စာတော်ပြီး လိမ္မာရေးခြားရှိလှသည့်ပန်းနုလေးက
ဂေဟာကပြန်လာပြီးကတည်းက ပြောင်းလဲလာခြင်းဖြစ်သည်။

မီးမီးဆိုးရင် ကိုကိုလာခေါ်မှာသိနေလို့ဆိုသည့်
ပန်းနုနုဆိုတဲ့ကလေးလေးတယောက်က အခုတော့
လူသစ်နေရဲ့ဆုံးမ,ထိန်းကျောင်းမှုအောက်မှာကြီးပြင်းလာခဲ့သည်။

ပန်းနုလေးက သူပြန်ခေါ်လာသည့်နေ့က
ရပ်ကွက်ထဲမှာ ရုတ်ရုတ်သဲသဲဖြစ်သွားခဲ့တာကို
သူ အခုထိမမေ့နိုင်ခဲ့ပေ ။

ပတ်ဝန်းကျင်ရဲ့အမျိုးမျိုးသောဝေဖန်မှုတွေရဲ့ကြားမှာ
သူနဲ့ပန်းနုလေးတို့ ခေါင်းငုံ့ငြိမ်ခံခဲ့ကြရသည် ။

အဆိုးဆုံးက ကြီးကြီးမိုးရဲ့ယောကျ်ားပါဘဲ ။

" အိမ်ပေါ်မှာ လူပိုတယောက်ရှိတာက
ဘယ်လောက်တာဝန်ကြီးသလဲဆိုတာ အခုမသိသေးလဲ
တနေ့ကျရင်သိလာမှာပါ အခုတော့ ဟုတ်နေကြတာပေါ့
ဒီကလေးက ဒီအတိုင်းနေမှာမဟုတ်ဘူး တဖြည်းဖြည်းနဲ့
အရွယ်ရောက်ပြီးကြီးပြင်းလာဦးမှာ ပြီးတော့မိန်းကလေး
အုပ်ထိန်းသူမိဘလူကြီးလည်းမရှိဘဲ သွေးမတော်သားမစပ်
ဘယ်လိုနေသွားကြမှာလဲ မျက်တောင်တဖျားဘဲမကြည့်ကြနဲ့
နောက်တော့မှ လူပြောစရာတွေဖြစ်လာမှရှင်းရခက်မယ် "

ပန်းပျိုးလက်  ))) 🥀 (((Where stories live. Discover now