Part 22

731 70 10
                                    


" ဒီအပင်လေးတွေစိုက်ထားတာ ကြာပြီလားကိုသစ်
နေရည် ဟိုတခါလာတုန်းက မစိုက်ရသေးဘူးနော် .. "

" ဟုတ်တယ်နေရည် တပတ်ကျော်လောက်တော့ရှိပြီ
အသက်ဝင်မြန်တ​ယ်လေ ဆေးနည်းနည်းတော့ဖျန်းရတယ် "

" ချစ်စရာလေးတွေနော် နုညံ့နေတာဘဲ "

" ဟုတ်တယ်နေရည်ရဲ့ နင်းတောင်မနင်းရက်ဘူး "

ရေပိုက်ရဲ့ထိပ်ကို လက်ညှိုးနဲ့ထိန်းပြီး
မြက်ခင်းတွေကို ရေဖျန်းနေသည့်လူသစ်နေက
ပုဆိုးကိုခပ်တိုတိုဝတ်ထားပြီး ထိုပုဆိုးအနားတွေမှာ
ရေတွေစိုကာ ရေစက်တချို့က ခြေဖမိုးပေါ်စီးကျနေသည်။

မထိရက်မနင်းရက်ဖြစ်နေသည့် မြက်ခင်းပြင်ပေါ်ကို
ခြေဖော့ကာ ဟိုနင်းဒီနင်းလုပ်ရင်းဖြင့် ရေဖျန်းနေပုံက
နေရည့်မျက်လုံးထဲမှာ စွဲဆောင်လွန်းအားကြီးနေသည် ။

အိမ်နေရင်းမို့ စွယ်တာလက်ပြတ်အင်္ကျီကို
ပုဆိုးအတွင်းထည့်ဝတ်ထားတာမို့ ပိန်သွယ်သည့်
ကိုယ်နေဟန်ထားက ကြည့်လို့ကောင်းနေသည် ။

ခွန်အားဗလ,ပြည့်ဝသည့်စတိုင်မျိုးမဟုတ်သည့်တိုင်
ဖြူဖြူပိန်ပိန်နှင့် လူသစ်နေ၏ခန္ဓာသည် ပြည့်စုံနေပါသည်။

ခပ်တိုတိုညှပ်ထားသည့်ဆံပင်တွေက
အိမ်မှာနေရင်းမို့ မဖီးမသင်ဘဲထားပုံရသည် ။

နဖူးပေါ်ကို ခပ်ပြိုပြိုကျနေသည်က
လူသစ်နေ၏မျက်နှာအနေအထားနှင့် လူငယ်ဆန်နေသည်။

ကုမ္ပဏီကိုသွားသည့်အခါတွေမှာသာ
သေသေသပ်သပ်ဖီးသင်ထားတာမို့ အခုလိုပုံစံမျိုးက
လူသစ်နေကို ရှိရင်းစွဲအသက်ထက် ပိုငယ်နေစေသည်။

ရေဖျန်းပြီးသားအခြမ်းမှာ
နေရည်က ခြေဖျားထောက်ထိုင်လျှက်
မြက်ပင်နုနုလေးတွေကို လက်နဲ့အသာထိတွေ့ရင်း
လူသစ်နေကို ငေးမောကြည့်နေမိလေသည် ။

ဒီအမျိုးသားလေးက
နေရည်ပိုင်ဆိုင်ခွင့်မရှိသည့်သူမို့
အခုလိုအနားမှာငေးကြည့်နေခွင့်ရတာကလည်း
နေရည့်အတွက် တန်ဖိုးဖြတ်လို့မရတဲ့အခိုက်အတန့်ပါပဲ ။

ပန်းပျိုးလက်  ))) 🥀 (((Where stories live. Discover now