Part 5

510 32 1
                                    

ပန်း ပျိုး လက် ( ၅ ) ပန်းရင့်ဋီကာ 🌸

" ဒေါက်တာ .. ဒေါက်တာ့ဧည့်သည်ရောက်နေပါတယ် "

" အင်းအင်း "

နားနေခန်းထဲမှာ ခဏလေးမှေးနေစဥ်မှာဘဲ
သူနာပြုမလေးက ဋီကာ့ကို သတင်းစကားပါးလာသည်။

ဧည့်သည်ဆိုတာ ချစ်သူလင်းမြတ်ဘဲ ဖြစ်မှာပါ ။

လင်းမြတ်နဲ့ဋီကာက ဆရာဝန်တွေဆိုပေမယ့်
အလုပ်လုပ်သည့်ဆေးရုံချင်းက မတူကြတာ​ကြောင့်မို့
တွေ့ချင်ပြီဆိုရင် အချိန်တခုတော့ ပေးရလေသည် ။

ခွဲခန်းကို နာရီသုံးပတ်ကျော်ဝင်ထားရတာမို့
ပင်ပန်းပေမယ့်လဲ ဝါသနာပါတဲ့အလုပ်မို့ကျေနပ်နေရသည်။

အေးစက်စက်ကော်ဖီကို အကုန်မော့သောက်လိုက်ပြီး
တခါသုံးဘူးမို့ လက်ထဲမှာဘဲ ဖိဆုပ်လုံးချေပြစ်လိုက်သည်။

သန့်ရှင်းရေးသမားလေးတွေက
နာရီခြားပြီးလာရောက်ရှင်းလင်းပေးထားသည့်
အမှိုက်မရှိသည့်ပုံးထဲကို လှမ်းပြစ်ထည့်လိုက်သည် ။

ထို့နောက် မှန်ချပ်တွေထဲမှာမြင်နေရသည့်
ကိုယ့်ပုံရိပ်ကို ကိုယ်ကြည့်ကာ ခေါင်းလေးကိုလည်း
ဘယ်ညာရမ်းလိုက်မိသည် ။

ခပ်စင်းစင်းလေးနဲ့ အဖျားမှာ ကုတ်ထားသည့်
ပုခုံးအတိဆံပင်လေးတွေကို လက်ငါးချောင်းနှင့်ဘဲ
လေးငါးချက်ဆွဲသပ်ချကာ နှုတ်ခမ်းနီဘူးကိုထုတ်ယူပြီး
ထပ်ဆိုးလိုက်တော့ နှုတ်ခမ်းလေးက ပိုပြီးပုံပေါ်လာရသည်။

အပေါ်နှုတ်ခမ်းနှင့်အောက်နှုတ်ခမ်းကို
ခပ်ဖိဖိလေးအဖွင့်အပိတ်လုပ်ကာ စိတ်ကျေနပ်တော့မှ
နှုတ်ခမ်းနီဘူးကို အိတ်ထဲပြန်ထည့်လိုက်သည်။

ဖိနပ်အပါးလေးကိုချွတ်ထားခဲ့ပြီး
ဒေါက်ချွန်ချွန်နဲ့ လှပသည့်ဖိနပ်လေးကိုစီးလာတာမို့
ခြေလှမ်းလိုက်တိုင်းမှာ ယုံကြည်မှုက ဘာနဲ့မှမတူပါ ။

အဝါရောင် အထက်အောက်ဝမ်းဆက်လေးကြောင့်
ဖြူဝင်းနုဖတ်သည့်အသားအရေလေးက လင်းလက်နေသည်။

ကြိုးသေးလေးနှင့်အိတ်လေးကို
ပုခုံးမှာကပ်လွယ်ထားပေမယ့်လည်း
ကလေးဆန်မနေဘဲ ပိုပြီးကြည့်ကောင်းနေသည် ။

ပန်းပျိုးလက်  ))) 🥀 (((Where stories live. Discover now