Part 18

541 44 4
                                    

" သားသမီးဆိုတာ အတောင်စုံရင်
ပျံချင်ကြတာသဘာဝ,ပါပဲ သားလူသစ်ရယ်
အခု ကြီးကြီးရဲ့သားကိုပဲကြည့်လေ တသက်လုံး
အလုပ်မလုပ်ဘဲ အလေလိုက်နေခဲ့တဲ့ကောင်က
ဟော အခုတော့ နယ်စပ်မှာအလုပ်သွားလုပ်ချင်သတဲ့
ဋီကာလေးကလည်း မင်းအတွက်တော့ သားသမီးလိုဘဲမို့လား
အပျံသင်ချင်လာတဲ့ငှက်ကလေးကို နားလည်ပေးလိုက်ပါ "

" ကျနော်နားလည်ပါတယ်ကြီးကြီး
သူ လူရွေးမှားသွားမှာကိုဘဲ စိုးရိမ်မိတာပါ "

" ဋီကာလေးက လိမ္မာပါတယ်
လမ်းမှန်ကိုတော့ သူလျှောက်နိုင်မှာပါကွယ် "

လူသစ်နေ၏ စိုးရိမ်သောက,တချို့ကို
ကြီးကြီးမိုးရဲ့ နှစ်သိမ့်စကားတွေနဲ့ရှေ့ဆက်ရသည် ။

မျက်စိရှေ့မှာမြင်နေရတဲ့ အရာမှန်သမျှကတော့
လူသစ်နေအဖို့ ငေးကြည့်စရာ အရာဝတ္ထုတွေလိုပါဘဲ ။

အကြားအာရုံသည် ကြီးကြီးမိုးထံမှာရှိပေမယ့်
အမြင်အာရုံကတော့ စားပွဲပေါ်က ဓာတ်ပုံလေးထံမှာသာ ။

တနေရာထဲမှာဘဲ
စူးစိုက်ထားတတ်သည့်သူ့အကြေည့်တွေက
ရွေ့လျားနိုင်စွမ်းမရှိတော့တဲ့ အိုခြင်းအလက်ာတွေလိုပါဘဲ ။

စိတ်တွေဟာ တဖြည်းဖြည်းပင်ပန်းလာချိန်မှာတော့
ခန္ဓာသည်လည်း တောင့်ခံထားနိုင်စွမ်း မဲ့ခဲ့ရလေသည် ။

တသက်လုံး နှာမွှန်ချောင်းချိုးပင် မဖြစ်ခဲ့ဖူးသည့်သူက
အရွေ့တခုမှာတော့ ဆေးရုံကုတင်ပေါ်ကို ရောက်ခဲ့ရသည်။

" သား လူသစ် စိုးရိမ်စရာမရှိဘူးနော်  .."

သူတို့အတွက် ဒုတိယမိခင်ဟာ ကြီးကြီးမိုးပါဘဲ ။

အခုလည်း လူပင်ပန်းတာတမျိုး
စိတ်ပင်ပန်းတာတမျိုးနဲ့ လူသစ်နေမှာ
ဆေးရုံမှာ တညကုန်ဆုံးဖို့ ဖြစ်လာခဲ့ရသည် ။

ကြီးကြီးမိုးနှင့်နေရည်တို့က
လူသစ်နေ၏ လူနာရှင်တွေဖြစ်ခဲ့ရသည် ။

ဆေးသွင်းရသလို သွေးလည်းသွင်းရသည် ။

လိုအပ်သည့်သွေးပမာဏကို
နေရည်ယွန်းထံမှ ရရှိခဲ့တာကြောင့်လည်း
လူသစ်နေမှာ ကျေးဇူးရှင်တယောက် တိုးလာခဲ့သည် ။

ပန်းပျိုးလက်  ))) 🥀 (((Where stories live. Discover now