Part 15

868 28 4
                                    

" ဋီကာ့မှာ ချစ်သူရှိနေတာလားနေရည်
ဘယ်သူလဲ ဋီကာ့ချစ်သူက ဘယ်သူတဲ့လဲ .."

" ဘယ်သူရယ်လို့တော့ မေးလို့မရသေးဘူးကိုသစ်
ဒါပေမယ့် ဋီကာ့မှာ ချစ်တတ်တဲ့စိတ်လေးတော့ရှိနေပြီ
သူ ဘယ်သူ့ကိုချစ်နေသလဲဆိုတာ မေးလို့မရပေမယ့်လို့
သူချစ်တဲ့လူက သူ့ကိုပြန်မချစ်တာလဲ ဖြစ်နိုင်တယ် .. "

" ဘယ်လို .."

သူ နားမရှင်းသလိုပင်ဖြစ်သွားရသည် ။

သေသေချာချာတွေးကြည့်လိုက်တော့
ဋီကာလေးချစ်နေတဲ့သူက ဋီကာလေးကိုမချစ်ဘူး ။

ဒါဆိုရင် ဋီကာလေးချစ်နေတာဘယ်သူများလဲ ။

ကောင်းစည်သူ ။

ဒါကတော့ မဖြစ်နိုင်ဘူးလို့ထင်သည် ။

ကောင်းစည်သူက
ဋီကာ့ကိုချစ်သည်ဟု ဖွင့်ပြောထားဖူးသည် ။

" ဋီကာက အရမ်းငိုနေတယ်ကိုသစ်
နောက်ပြီးတော့လဲ နေရည့်ကိုမေးတယ်
လူတယောက်ကိုချစ်ရင် အဲ့ဒီလူကိုယ့်ကို ပြန်ချစ်လာအောင်
ဘယ်လိုအပြုအမူတွေ ဒါမှမဟုတ် ဘယ်လိုပုံစံမျိုးနဲ့
ပြန်ချစ်လာအောင်ကြိုးစားသင့်သလဲတဲ့ .."

" ................. "

" အချစ်ဆိုတာ ကိုယ်ဖြစ်စေချင်သလို
ဖြောင့်ဖြောင့်ဖြူးဖြူးသွားတာမျိုးမှမဟုတ်တာကိုသစ်ရယ်
နေရည်ကိုယ်တိုင်လည်း သူ့ကိုဘာမှနှစ်သိမ့်မပေးနိုင်ခဲ့ဘူး
မချစ်ပါနဲ့လို့လဲမတားရက်ဘူးလေ နေရည်ကိုယ်ချင်းစာတယ်
မဖြစ်နိုင်တဲ့အချစ်ကို မျှော်လင့်တောင့်တ,မိရင် အဲ့ဒီအတွက်
နာကျင်ခံစားရမယ့်ဝေဒနာတွေက သေးမှမသေးဘဲနော် "

" ................. "

သူ ဘာစကားမှမဆိုဖြစ်သေးဘဲ
နေရည့်မျက်နှာကိုသာ ငေးစိုက်ကြည့်နေမိသည် ။

နေရည်သည်လည်း သူ့မျက်နှာကိုကြည့်ကာ
စကားတွေကို ပြတ်ပြတ်သားသားတခွန်းချင်းပြောနေသည်။

" ဋီကာ့နှလုံးသားလေးက နုနယ်ပါသေးတယ်
အချစ်ဦးဖြစ်မယ့်သူရဲ့ ဥပေက္ခာဆန်မှုတွေကိုတော့
ဋီကာလေးကိုမခံစားစေချင်တာအမှန်ဘဲ ..."

ပန်းပျိုးလက်  ))) 🥀 (((Where stories live. Discover now