Part 16 ( kiss 💋)

1.1K 45 3
                                    

အဲ့ဒီနေ့ရက်တွေကတော့ ပုံမှန်ရက်တွေလိုပါဘဲ ။

သူလည်း သူ့အလုပ်နှင့်သူ
အချိန်အားလပ်သည်ရယ်လို့မရှိရသလို
ဋီကာလေးသည်လည်း ကျောင်းတက်ဖို့အတွက်
ပြင်ဆင်နေတဲ့အချိန်ဘဲ ဖြစ်လေသည် .. ။

အောင်စာရင်းတွေထွက်လာတော့
ဆေးမှတ်မှီတာကြောင့်မို့ သူ့မှာဝမ်းသာရသေးသည် ။

ဋီကာလေး ဆရာဝန်ဖြစ်တော့မယ်ဆိုတော့
သူ့ပျော်ရွှင်မှုက နှိုင်းပြလို့တောင် ရမယ်မထင်ပေ ။

အိမ်နီးချင်းတွေကိုဖိတ်ပြီး
အစားအသောက်တွေကျွေးကာ
ဋီကာလေးအတွက်ဂုဏ်ပြုပေးခဲ့သည် ။

သူငယ်ချင်းတွေကိုလည်း
ဖိတ်ကျွေးချင်သည်ဟု ဆိုလာတာကြောင့် 
ဋီကာလေးစိတ်တိုင်းကျဖြစ်ဖို့ရာ Bar တခုမှာ
လေးယောက်စာfamilyset နှစ်ဆက်မှာပြီးစားခဲ့ကြသည်။

သူ့ရဲ့ဋီကာလေးကတော့ ပျော်လို့မဆုံးတော့ပေ ။

သို့သော် အဲ့ဒီနေ့က အဖြစ်အပျက်ကိုတော့ဖြင့်
လူသစ်နေမှာ ယခုထိတိုင် မှတ်မိနေဆဲဖြစ်လေသည် ။

ဋီကာ့ရဲ့သူငယ်ချင်းတွေကိုချိန်းပြီး
သူနှင့်ဋီလေးတို့ အိမ်မှထွက်မယ့်အချိန်က
ညနေ လေးနာရီထိုးခါနီးအချိန်ဘဲဖြစ်သည် ။

" ကိုကို.. "

" အင်း ပြောလေဋီကာ  .."

လူသစ်နေအခန်းထဲမှာရှိနေစဥ်
အနားကိုရောက်လာသည့်ဋီကာလေးကြောင့်
ဝတ်နေဆဲနာရီကိုတချက်ကြည့်လိုက်သည် ။

သူ၏ဋီကာလေးကတော့
သွားရ၊စားရတော့မှာမို့ ပျော်နေရှာသည် ။

" ဋီကာ ဘာဝတ်သွားရမလဲဟင်ကိုကို  .."

" ဝတ်စရာမရှိရင်လဲ ကိုကို့ပုဆိုးခြုံလာခဲ့လေ အဟွန်း "

" ကိုကိုနော် ဋီကာက အတည်မေးနေတဲ့ဥစ္စာ "

" ဟုတ်တယ်လေ
ဋီကာ့ရဲ့ဗီရိုထဲမှာလဲ အင်္ကျီတွေချည်းဘဲ
အဲ့ဒါကို အခုဝတ်စရာမရှိဘူးဆိုတော့ ကဲ "

အမှန်တကယ်လည်း ဤသို့ပင်ဖြစ်နေသည် ။

ဋီကာလေးအရွယ်ရောက်လာပြီဆိုကတည်းက
မိန်းကလေးတယောက်ရဲ့ လိုအပ်မယ်ထင်သည့်ပစ္စည်းတွေနဲ့
အသုံးအဆောင်အားလုံးကို ဗီရိုနဲ့အပြည့် ဖြည့်တင်းပေးခဲ့သည်။

ပန်းပျိုးလက်  ))) 🥀 (((Where stories live. Discover now