Part 25

1.6K 91 3
                                    

" ဒေါက် ဒေါက် "

" သမီး ဋီကာ လူသစ် "

မှေးခနဲအိပ်ပျော်သွားသည့်အခိုက်အတန့်မှာဘဲ
နားထဲသို့တိုးဝင်လာသည့်တံခါးခေါက်သံနှင့်အတူ
ကြီးကြီးမိုးရဲ့ခေါ်သံကြောင့် ဋီကာ့ကိုယ်လေးတုန်သွားသည်။

ဟင် ။

အမူးပြေသွားသည့်လူတယောက်လိုမျိုး 
အသိစိတ်အားလုံး ခန္ဓာကိုယ်မှာကပ်ငြိလာချိန်မှာတော့
လက်ရှိအချိန်ကို သတိရလာမိလေသည် ။

ကိုကို ။

ရုန်းထ,လိုက်ဖို့ပြင်စဥ်မှာဘဲ
ကိုကို့ရင်ခွင်ထဲမှာဆိုတာကို သတိရလိုက်သည် ။

ကိုကိုကတော့ ဋီကာ့ကိုယ်လေးကို
ခပ်တင်းတင်းလေးထွေးဖက်ပြီး အိပ်ပျော်နေလေသည် ။

ကိုကို့လက်တွေကိုဖယ်ပြီးထ,လိုက်ချိန်
လျောခနဲကွာကျသွားသည့်စောင်အောက်မှာတော့
ဋီကာ့ကိုယ်လေးသည်ဝတ်အစားကင်းမဲ့လျှက်ရှိနေသည် ။

ကိုကိုသည်လည်း အပေါ်ပိုင်းဗလာကျင်းလျှက် ။

ကိုကိုနဲ့ဋီကာ ။

အချိန်ကြာကြာမစဥ်းစားအားနိုင်သည့်ဋီကာသည်
ကြမ်းခင်းမှာပုံကျနေသည့် ဂါဝန်လေးကောက်ယူကာ
အလျှင်အမြန်ဝတ်ပြီး တံခါးစီသို့လျှောက်သွားလိုက်သည်။

" ကြီးကြီး "

" သမီး အိပ်နေတာလား လူသစ်ရော "

ဋီကာ့ကို စူးစမ်းသလိုကြည့်လာသည့်ကြီးကြီးမိုးက
အခန်းထဲကိုလည်း မျက်လုံးဝေ့ကြည့်လိုက်သည် ။

" ကိုကိုလည်းအိပ်နေပြီကြီးကြီး "

" ဟင် ..  "

ကြီးကြီးမိုးရဲ့မျက်နှာပေါ်မှာ
သို့လောသို့လောတွေ ဖြစ်ပေါ်လာသလို
ဋီကာ့ကိုလည်း မယုံနိုင်သလိုကြည့်နေသည် ။

" ကြီးကြီးဘာပြောစရာရှိလို့လဲဟင် "

ဋီကာဆက်မေးလိုက်တော့မှ
ကြီးကြီးမိုးက လာရင်းကိစ္စကိုသတိရသွားကာ
လက်ထဲမှာကိုင်လာသည့်ဖုန်းကို လှမ်းပေးသည် ။

" အော် ဒီမှာလေ
သမီးရဲ့ဖုန်းက အဆက်မပျက်လာနေလို့ "

" အော် ဟုတ် "

ပန်းပျိုးလက်  ))) 🥀 (((Where stories live. Discover now