Part 2

803 38 0
                                    

ပန်း ပျိုး လက် ( ၂ ) ပန်းရင့်ဋီကာ 🌸

" ကိုကို့စီလာလည်တာလား
ဋီကာလာမယ်မှန်းသိရင် စောပြန်လာပါတယ်ကွာ "

" ကိုကို့ဖုန်းကို ဆက်သေးတယ် "

" ဟုတ်လား ကိုကို့ဖုန်းကို silentလုပ်ထားမိတယ် "

" .............. "

လက်ဖဝါးပြည့်ပြည့်လေးတွေကို
တချက်သာဖျစ်ညှစ်ဆုပ်ထွေးလိုက်ရင်း
အသာအယာ လွှတ်ပေးလိုက်ရလေသည် ။

အခုလို အိမ်အထိရောက်လာတာကိုဘဲ
သူ့မှာ ကျေနပ်လို့မဆုံး ၊ ပျော်လို့မဆုံးပါဘဲ ။

ဟိုးအရင်ကလိုရင်းနှီးမှုလေးပြန်ရလိုက်ချိန်မှာ
သူ့စိတ်တွေသည်လည်း ဟိုးအရင်အချိန်တွေကို
ပြန်ရောက်သွားသလို ခံစားသွားရသည် ။

မီးရောင်ရဲ့စူးလဲ့တောက်ပမှုကြောင့်
မြင်နေရသည့်မျက်ဝန်းလေးတွေထဲမှာ
ဝမ်းနည်းခြင်းအရိပ်အယောင်တွေနှင့်ပြည့်သိပ်နေသည် ။

သူ့အပေါ်မှာ သံယောဇဥ်ကျန်နေပါသေးလားဆိုတာကို
သိခွင့်ရလိုက်တဲ့ဒီအခိုက်အတန့်မှာဘဲ သူ့စိတ်နှလုံးမှာလဲ
နာကျင်စူးရှသည့်ဝေဒနာကို ခံစားလိုက်ရပါသည် ။

" ဒီည ဂျူတီမရှိဘူးလား "

" ဟင့်အင်း "

" အိမ်မှာထမင်းစားသွားလေ
ကိုကိုရေချိုးလိုက်ဦးမယ် ခဏစောင့်နော် "

" ဟက်ပီးဘတ်ဒေးကိုကို "

" ............. "

ခေါင်းလေးကိုဖွဖွအုပ်ကိုင်ကာ
အခန်းထဲလှမ်းဝင်ဖို့ပြင်လိုက်သည့်သူ့ခြေလှမ်းတွေက
မွေးနေ့ဆုတောင်းစကားသံကြောင့် ရပ်တန့်သွားရသည်။

ဟတ်ပီးဘတ်ဒေးတဲ့လား ။

ကိုကို့မွေးနေ့ကို မင်းသတိရနေခဲ့တာလားဋီကာရယ် ။

" ဒီနေ့ ကိုကို့မွေးနေ့မဟုတ်လား
ဋီကာမှတ်မိပါတယ် မနက်ကမအားလို့ "

" ................... "

" သုံးဆယ့်ခွန်နှနှစ်ပြည့် ကိုကို့မွေးနေ့ "

ဋီကာရယ် ။

သူ့လှုပ်ရှားမှုတွေအားလုံးကို
စကားသံတိုးတိုးလေးက ချုပ်ကိုင်ထားလေသည် ။

ပန်းပျိုးလက်  ))) 🥀 (((Where stories live. Discover now