Part 11

563 19 3
                                    

ပန်း ပျိုး လက် ( ၁၁ ) ပန်းရင့်ဋီကာ 🌸

" အလကားပါဗျာ
သူ့ကိုယ်သူ လူတတ်ကြီးလုပ်ပြီးတော့
ဋီကာ့ကို့ သူပိုင်သလိုအချိုးမျိုးချိုးပြနေတာ
တကယ်ဆိုရင် သူနဲ့ဋီကာက ဘာဆိုင်လို့လဲ "

" တိုးတိုးပြောပါငကောင်းရယ်
ငါ့နှယ် သေသာသေလိုက်ချင်တော့တာဘဲ
လူသစ်နေဆိုတာ ဘယ်လိုလူမျိုးလဲသိရဲ့သားနဲ့ "

" သိသားဘဲ
ပိုက်ဆံရှာနိုင်တယ်ဆိုပြီး
သူ့ကိုယ်သူ ဆရာကြီးထင်နေတဲ့သူ
သူသင်ခဲ့တဲ့ကျောင်းမှာသာ ဆရာလုပ်လို့ရမယ်
ကျနော့်ကိုတော့လာမလုပ်နဲ့ သည်းခံမှာမဟုတ်ဘူး "

" ကောင်းစည်သူ
မင်းကိုငါမွေးထားတာပါ
မင်းစိတ်ကို အမေသိပါတယ်သားရယ်
လူသစ်နေဆိုတာလဲ သားရဲ့အကိုဘဲလေ ဘာဖြစ်လို့
အမုန်းတရားတွေဖြစ်အောင် ဖန်တီးချင်နေရတာလဲ "

သားရဲ့ပြောင်းလဲသွားမှုကို
ဒေါ်မိုးမှာ စိတ်မကောင်းသလို ဝမ်းလည်းနည်းရသည် ။

ငယ်ငယ်ကတည်းက
အတူနေလာကြတဲ့ကလေးတွေက
အခုလောက်ထိ ဝေးကွာသွားကြတာကိုတော့
ဘယ်သူ့ကိုအပြစ်တင်လို့တင်ရမှန်းပင်မသိတော့ပေ ။

" ကျနော် ဋီကာ့ကိုလိုချင်တယ်အမေ "

ကောင်းစည်သူရဲ့စကားကြောင့်
ဒေါ်မိုးရဲ့ခေါင်းကို မိုးကြိုးပြစ်ချလိုက်သလိုခံစားလိုက်ရသည်။

သားဖြစ်သူရဲ့မျက်နှာကို
အထိတ်တလန့်ဘဲ လှမ်းကြည့်လိုက်မိသည် ။

" မရဘူးသား အမေသဘောမတူဘူး "

" အမေ့ .."

" မရိုင်းချင်စမ်းပါနဲ့ငါ့သားရယ်
သမီးလေးက အခုမှကလေးရှိသေးတာ
မင်းလို ခြေကြောမတင်းလက်ကြောမတင်းနဲ့
တေလေဂျပိုးလိုလူနဲ့ လူသစ်ကသဘောတူမလား
အမေဆိုရင်လဲ သဘောတူမှာမဟုတ်ဘူး .."

" အမေက သူတို့ကျေးဇူးကြွေးရှိတယ်ဆိုပြီး
အမေ့ဘဝတခုလုံးနဲ့ ကျေးဇူးဆပ်ဖို့လုပ်နေတာလား
ဋီကာ့ကို ကလေးလို့ ပြောလို့မရတော့ပါဘူးအမေရာ
သူဘယ်လောက်လှလဲ အမေလဲတွေ့တယ်မဟုတ်လား
လူသစ်နေဆိုတဲ့လူက သူအပိုင်သိမ်းဖို့ထားတာနေမှာ "

ပန်းပျိုးလက်  ))) 🥀 (((Where stories live. Discover now