Part 12

1.3K 34 6
                                    

ပန်း ပျိုး လက် ( ၁၂ ) ပန်းရင့်ဋီကာ 🌸

ဋီကာ စာမေးပွဲဖြေသည့်ရက်တွေမှာတော့
လူသစ်နေမှာ ဘာအလုပ်မှမလုပ်နိုင်ဘဲ နေ့နေ့ညည
ဋီကာ့ရဲ့စာမေးပွဲကိစ္စတွေနှင့်သာ အချိန်ကုန်နေခဲ့ရသည်။

" ကိုသစ် အိမ်ကလုပ်လက်စ,ကြီးလေ
ဒီအတိုင်းအကြာကြီးပြစ်ထားလို့တော့ အဆင်မပြေဘူး"

" မကြာပါဘူးကွာ နှစ်ရက်သုံးရက်ပါဘဲ
ဋီကာ့စာမေးပွဲပြီးမှ အကုန်ဆက်လုပ်ကြတာပေါ့ "

" အတွင်းပိုင်းက နေရာမချရသေးဘူးလေ
ကိုသစ်တို့ ဘယ်လိုနေနေကြလဲ အဆင်ပြေရဲ့လား "

" ပြေပါတယ် ရတယ်
အပေါ်ထပ်ကအခန်းကို နေလို့ရအောင်ရှင်းထားတယ် "

" အင်းဗျာ ရက်ကလဲ ကွက်တိသွားကျတယ်
အိမ်ကလည်း တရက်နှစ်ရက်ဆိုရင်နေလို့ရတော့မှာ "

" ရပါတယ်ကွာ စိတ်မပူနဲ့
ဒီရက်ပိုင်း ငါ့အလုပ်တွေခဏနားထားချင်တယ်
တကယ်လို့ဆက်သွယ်လာတဲ့သူရှိရင် မင်းဘဲရှင်းလိုက်ကွာ "

" စိတ်ချကိုသစ် ကျနော်လုပ်ပေးထားပါ့မယ် "

" အေးအေး ကျေးဇူးကွာ "

သူ့ရဲ့လူယုံလိုဖြစ်နေသည့် ဥက္ကာက
သူ့ရဲ့အလုပ်တွေကို ကူညီလက်ခံပေးလေသည် ။

တကယ်ဆိုရင် ကောင်းစည်သူကိုလည်း
သူ့ရဲ့အနားမှာခေါ်ထားပြီး အလုပ်လုပ်စေချင်ခဲ့သည် ။

ငယ်ငယ်ကတည်းက အတူနေလာကြသည်မို့
သူငယ်ချင်းလိုရော ညီအကိုလိုပါ ခင်မင်ခဲ့ရပေမယ့်
အခုတော့ သူ့ကိုမှ မျက်မုန်းကျိုးနေတာကိုဘယ်လိုလုပ်ရပါ့မလဲ ။

စိတ်မကောင်းဝမ်းနည်းမိပေမယ့်
အခုချိန်မှာ ထိုစိတ်တွေထက် ဋီကာလေးရဲ့
ဆယ်တန်းစာမွေးပွဲကသာ အရေးကြီးနေခဲ့သည် ။

" အားနာလိုက်တာဆရာမရယ်
အိမ်ကလဲ ဆရာမ မြင်တဲ့အတိုင်းဘဲ
အကုန်လုံးက လုပ်လက်စ,တွေဆိုတော့လေ "

" ရပါတယ်ဆရာသစ်ရယ်
အပေါ်ထပ်အခန်းက အကျယ်ကြီးဘဲနော်
ကျယ်ကျယ်ဝန်းဝန်းနဲ့ တိတ်တိတ်ဆိတ်ဆိတ်ရှိပါတယ် "

" အခန်းမဖွဲ့စည်းရသေးလို့ဆရာမရဲ့
ဖြည်းဖြည်းလျှောက်နော်ဆရာမ ထိခိုက်မိဦးမယ် "

ပန်းပျိုးလက်  ))) 🥀 (((Where stories live. Discover now