Part 6

533 34 6
                                    

ပန်း ပျိုး လက် ( ၆ ) ပန်းရင့်ဋီကာ 🌸

" သမီးလေးလဲရောက်လာပြီဆိုတော့
စေ့စပ်ဖို့ကိစ္စကို မာမီတို့ဆွေးနွေးရအောင် "

နေ့လယ်စာကို လင်းတို့အိမ်မှာစားကြပြီး
အချိုမုန့်တချို့နဲ့ လင်းရဲ့မာမီကဧည့်ခံလေသည်။

လင်းဒယ်ဒီနဲ့အစ်မလဲ ရောက်လာကြတာမို့
စေ့စပ်မယ့်ကိစ္စကို လင်းမာမီက ပြောလာခဲ့လေသည် ။

" ဟုတ်တယ်သမီး
ဒယ်ဒီတို့လဲ သမီးတို့အားမယ့်ရက်ကိုမျှော်နေတာ
အခုလိုမိသားစုစုံစုံနဲ့ရှိနေပြီဆိုတော့ စေ့စပ်မယ့်ကိစ္စကို
သေသေချာချာလေး ဆွေးနွေးကြရအောင် .."

ဘောင်အနက်ကွပ်ထားသည့် ပါဝါမျက်မှန်နဲ့
တိုက်ပုံအကျီကို ဝတ်ထားဆဲဖြစ်သည့်လင်းဒယ်ဒီက
ဋီကာ့ကို တရင်းတနှီးနဲ့ နွေးနွေးထွေးထွေးရှိလှသည်။

" ဖြည်းဖြည်းပေါ့ဒယ်ဒီရယ်
ဋီကာလေးကို သမီးပါလာတဲ့ရေခဲမုန့်လေးကျွေးပါရစေဦး "

လင်းရဲ့အစ်မကလဲ
စတော်ဘယ်ရီသီးလေးတွေနဲ့ဖူးကြွနေတဲ့
ရေခဲမုန့်ခွက်လေးကို ဋီကာ့ရှေ့သို့ ချပေးလာသည် ။

ချပေးတဲ့ရေခဲမုန့်တောင် နေရာမကျသေးခင်မှာဘဲ
လင်းက ထိုရေခဲမုန့်ခွက်ကို တဖက်သို့တွန်းရွှေ့လိုက်လေသည်။

" ဘာကိုရေခဲမုန့်လဲဗျာ
မမကလဲ ကလေးကျနေတာဘဲ
ဋီကာက ရေခဲမုန့်မစားဘူး စားလဲမစားရဘူး "

" မောင်လေးနော်
ဒါ ရိုးရိုးရေခဲမုန့်မဟုတ်ဘူး
သဘာဝသစ်သီးတွေနဲ့လုပ်ထားတာ
ရုံးကဆရာတယောက်ရဲ့ကတော် လုပ်ထားတာ "

" ဘာကတော်ဘဲလုပ်လုပ်ပါ
ထမင်းစားပြီးကာစကို ရေခဲမုန့်မစားရပါဘူး
စားထားတဲ့အစာတွေရဲ့အဆီက အူနံရံမှာခဲသွားတတ်တယ်
အဲ့ဒီအခါ အူနဲ့ပတ်သက်တဲ့ရောဂါတွေရတတ်တယ်မမရဲ့ "

" အမလေး ..
အဲ့ဒါသာကြည့်တော့ဋီကာရေ
အိမ်မှာဆရာဝန်တယောက်ရှိတာလဲ
ကောင်းလဲကောင်းသလို တခါတလေ မကောင်းပြန်ဘူး
ဘာစားစား အမြဲစောင့်ကြည့်ခံနေရတော့တာဘဲ .."

လင်းရဲ့အစ်မက ညည်းညည်းညူညူပြောရင်း
ဋီကာထိုင်နေသည့်ခုံရဲ့ဘေးခုံမှာ ဝင်ထိုင်လိုက်လေသည်။

ပန်းပျိုးလက်  ))) 🥀 (((Where stories live. Discover now