Part 3

669 29 0
                                    

ပန်း ပျိုး လက် ( ၃ ) ပန်းရင့်ဋီကာ 🌸

" ဂျူတီရှိတဲ့သူက ဘာလို့ပြန်လာတာလဲ "

" အင်း ဘာမှမဖြစ်ပါဘူး
နေရတာသိပ်မကောင်းလို့ပြန်လာတာ "

တခန်းထဲအတူနေသူငယ်ချင်းဖြစ်သူ နော်စေးက
ဋီကာ့ကို အံ့သြသလိုလေးကြည့်ကာ မေးလေသည် ။

လက်ထဲမှပိုက်ဆံအိတ်နဲ့ဖုန်းကို စားပွဲပေါ်ပြစ်တင်ကာ
ကြမ်းခင်မှာထိုင်နေသည့် နော်စေးရဲ့ဘေးမှာလှဲအိပ်လိုက်သည်။

" ဟယ် .. အခြေအနေက အဲ့ဒီလောက်ဆိုးနေတာလား
ဒီလိုကြီးတော့အိပ်မနေနဲ့လေဋီကာရဲ့ ဆေးလေးဘာလေး
တခုခုတော့လုပ်ဦးမှပေါ့ဒေါက်တာမကြီးရယ် ထ, "

နော်စေးက ဋီကာ့လက်မောင်းလေးကိုဆုပ်ကိုင်ကာ
စိုးရိမ်တကြီးငုံ့ကြည့်ပြောနေပေမယ့် ဋီကာကတော့
မျက်လုံးတွေတင်းတင်းဖိမှိတ်ပြီးသာ ငြိမ်နေမိသည် ။

နော်စေးကလည်း ဆေးကုမ္ပဏီတခုမှာလုပ်နေတာမို့
ဋီကာနဲ့အဆက်အစပ်ရှိပြီး နားလည်းလည်ပါသည် ။

လုပ်ရသည့်နေရာချင်းမတူတာမို့
ဋီကာ့ရဲ့အလုပ်ချိန်တွေကိုတော့ ဋီကာပြောသမျှကိုဘဲ
နော်စေးမှာ သိခွင့်ရလေသည် ။

ဒါကြောင့်လဲ ဒီနေ့ဂျူတီရှိတယ်ဆိုပြီးညာခဲ့တာကို
နော်စေးက တကယ်ထင်မှတ်ကာ ယုံစားခဲ့လေသည် ။

ကရင်မလေးဖြစ်သည့်နော်စေးက
စကားပြောတာလေးတွေကချစ်စရာကောင်းနေသည် ။

ဒီအခန်းမှာ ဂျာကော့ဒါဆိုသည့်
ကချင်မလေးတယောက်လဲ ဋီကာတို့နဲ့အတူနေလေသည် ။

ဂျာကော့ဒါက ကချင်မြေမှ ဒီရန်ကုန်မြို့ကြီးမှာ
တယောက်ထဲ လာရောက်လုပ်ကိုင်နေသူဖြစ်သည် ။

ဂျာကော့ဒါနဲ့နော်စေးက အရင်သိကြတာဖြစ်ပြီး
ဋီကာနဲ့နော်စေးခင်ပြီးမှ ဂျာကော့ဒါနှင့် သိရသည် ။

နော်စေးက ရုံးတက်ရုံးဆင်းမှန်ပေမယ့်
ဋီကာကတော့ နေ့ညတချို့က လွဲနေတတ်သည် ။

ကော့ဒါကတော့ ဋီကာ့ထက်ဆိုးသည် ။

ဘာသာစကားသုံးလေးမျိုးကို
ကျွမ်းကျင်လည်ပတ်အောင်ပြောနိုင်သည့်ကော့ဒါက
နိုင်ငံခြားသားဧည့်သည်တွေကို လမ်းညွှန်လုပ်ပေးရင်း
တခါတလေ မန္တလေးပြင်ဦးလွင်ဘက်အထိ သွားရသည်။

ပန်းပျိုးလက်  ))) 🥀 (((Where stories live. Discover now