Part 23

706 57 9
                                    

" ဋီကာ ကိုကို့ကိုချစ်တယ် "

" ............... "

" မောင်နှမလိုမဟုတ်ဘူး
ချစ်သူတယောက်လို ယောင်္ကျားတယောက်လိုချစ်တာ "

" ဘာတွေပြောနေတာလဲဋီကာ
ဘာဖြစ်နေတာလဲ ဘာတွေလုပ်နေတာလဲ ဟမ်
ကိုယ့်ကိုယ်ကိုအသိစိတ်လေးလည်း ဝင်စမ်းဦးဋီကာရယ် .."

" ဟင့် ကိုကို့ကိုချစ်တယ်
ဋီကာ .. ဋီကာ ကိုကိုနဲ့မဝေးချင်ဘူး .."

သူ့ခါးကိုတင်းနေအောင်ဖက်ထားပြီး
ဋီကာလေးက သူ့ရင်ဘတ်မှာမျက်နှာကပ်ကာ ငိုနေသည်။

ဋီကာလေးသည်လည်း သူ့ကိုချစ်နေသည်တဲ့ ။

ဒါဟာ လွတ်လပ်သူတွေဆိုလျှင်
ဘယ်လောက်ပျော်စရာကောင်းလိမ့်မည်လဲ ။

ကိုယ်တိတ်တိတ်လေးချစ်နေရသည့်သူက
ကိုယ့်ကိုချစ်နေသည်ဟု သိခွင့်ရလိုက်ချိန် .. ။

အဲ့ဒီအချိန်ဟာ ဘဝမှာ
ထပ်တူအကျဆုံး အခိုက်အတန့်ဘဲမဟုတ်ပါလား ။

ဒါပေမယ့်ပေါ့ဋီကာရယ် ။

" ဋီကာ ညီမလေး "

" မခေါ်နဲ့ မခေါ်ပါနဲ့ကိုကိုရယ်
ဋီကာက ကိုကို့ညီမလေးမဖြစ်ချင်ဘူး
ကိုကိုသိလား ဋီကာကိုကို့ကိုချစ်နေခဲ့တာ
အဲ့ဒါအခုမှမဟုတ်ဘူး ဟိုးအရင်ကတည်းက
ကိုကိုသိလား ကိုကိုမသိဘူးမို့လား ဟင့် ကိုကိုမသိပါဘူး
ဋီကာ့မှာ ကိုကိုတယောက်ထဲရှိတာ ကိုကို့ကိုဘဲချစ်တာ "

" ဋီကာ .."

" ဟင့် အင့် ချစ်တယ် ဟင့်
ဋီကာကိုကို့ကိုချစ်တယ် လင်းနဲ့လက်မထပ်နိုင်ဘူး..."

တအင့်အင့်ရှိုက်ငိုကာ
ရင်ခွင်ထဲတိုးဝင်နေသည့်ဋီကာလေးကိုဖက်ကာ
လူသစ်နေလည်း တုန်လှုပ်ချောက်ခြားနေခဲ့လေသည် ။

" ကိုကိုလဲ ဋီကာ့ကိုချစ်တယ်မဟုတ်လားဟင်
ဋီကာ့ကို ကိုကိုလဲချစ်တယ်မို့လား ပြောပါဦးကိုကိုရဲ့ "

" ............... "

သူ့ရင်ဘတ်ကို လက်ဖဝါးလေးဖြင့် ခပ်ဖွဖွပုတ်ကာ
ကလေးလေးတယောက်လို ဂျီတိုက်နေလေသည် ။

ဒါဟာ နှစ်ဆယ့်ခြောက်နှစ်အရွယ်
ဒေါက်တာပန်းရင့်ဋီကာမှ ဟုတ်ပါလေစ, ။

ပန်းပျိုးလက်  ))) 🥀 (((Wo Geschichten leben. Entdecke jetzt