Part 13

1.1K 55 9
                                    

" ကိုကို ဋီကာရုပ်ရှင်ကြည့်ချင်တယ် "

လူသစ်နေတယောက် ဧည့်ခန်းထဲမှာအလုပ်ရှုပ်နေစဥ်
အနားကိုရောက်လာသည့်ဋီကာက ရုပ်ရှင်ကြည့်ချင်သည်ဟု
ဆိုလာတာကြောင့် လုပ်လက်စ,အလုပ်တွေကိုရပ်လိုက်ပြီး
ဋီကာ့ကို လှမ်းကြည့်လိုက်မိလေသည် ။

ဆယ်တန်းဖြေထားသည်မို့
ဒီကလေးမှာ အချိန်တွေအားနေတာကိုသိပါသည် ။

သင်တန်းတခုတက်ခိုင်းဖို့စဥ်းစားထားပေမယ့်
နားပါစေဦးဆိုပြီးတော့ လွှတ်ထားပေးမိသည် ။

တနှစ်ပတ်လုံး စာတွေကြိုးစားသည့်ကလေးမို့
သူ့အနေနှင့် အလိုလိုက်အကြိုက်ဆောင်ပေးဖို့လည်း
အမြဲအဆင်သင့်ဖြစ်နေခဲ့ပေမယ့် ချင့်ချိန်ရသေးသည် ။

စားချင်တာ သွားချင်တာလေးတွေကို
သူ့မှာ အလုပ်မအားသည့်ကြားမှ စီစဥ်ပေးရသည် ။

စားချင်တာကိုအိမ်မှာလုပ်ကျွေးလို့ရပေမယ့်
သွားချင်လည်ချင်တာတွေကိုတော့ သူ့အနေနဲ့
အရင်လိုလက်ဆွဲပြီး လိုက်မပို့ဖြစ်ခဲ့တာကြာပါပြီ ။

မသင့်တော်တော့ဘူးလို့ ကိုယ့်ကိုယ်ကိုရိပ်မိလာချိန်မှာ
ပတ်ဝန်းကျင်၏ မျက်စိဆံပင်မွှေးစူးစရာကိစ္စမှန်သမျှကို
သူ့အနေနှင့် အမြဲသတိကပ်ကာ ဆင်ခြင်နေခဲ့ရလေသည်။

" ကိုကိုမအားပြန်ဘူးလားဟင် .."

အမြဲတမ်း အကြောင်းတခုခုပြကာ
လိုက်ပို့ဖို့အတွက် ငြင်းဆန်ခဲ့သည်မို့
အခုလည်း ဋီကာက သူ,မအားဘူးဟုထင်ပြန်သည် ။

" နေရည်နဲ့သွားလေဋီကာရဲ့
ကိုကိုလက်မှတ်ဝယ်ပေးထားမယ်လေ
ဘယ်အချိန်ကြည့်မှာလဲ ကိုကို့ကိုအချိန်ပြော "

" ဋီကာက ကိုကိုနဲ့ကြည့်ချင်တာ "

သူ့ရင်ထဲမှာ နွေးသွားရပြန်သည် ။

ဒီကလေးရဲ့ချစ်ခင်တွယ်တာတတ်သည့်
အပြောအဆိုအပြုအမူလေးတွေကိုမြင်ရတိုင်းမှာ
သူ့ရင်မှာအနွေးဓာတ်ကလေး အမြဲစီးဆင်းရစမြဲပါဘဲ ။

ဒါပေမယ့်ပေါ့ဋီကာရယ် ။

" ကိုကိုမအားသေးဘူးဋီကာရဲ့
နောက်တခါကျမှ ကိုကိုလိုက်ကြည့်မယ်နော်
အခုတော့ဋီကာလေးက အစ်မနေရည်နဲ့သွားနော် "

ပန်းပျိုးလက်  ))) 🥀 (((Donde viven las historias. Descúbrelo ahora