Part 9

474 26 2
                                    

ပန်း ပျိုး လက် ( ၉ ) ပန်းရင့်ဋီကာ 🌸

" ကိုသစ် မနက်ဖြန်နေရည့်မွေးနေ့ရှိတယ်
အဲ့ဒါ လေးလေးတို့အိမ်မှာဘဲ ကိတ်မုန့်ခွဲမှာလေ
ကိုသစ် မပြန်ပါနဲ့လား ကိတ်ခွဲပြီးမှပြန်လေနော်  .."

ကားရှေ့ပိုင်းဘော်ဒီအောက်မှာ
ကိုယ်တပိုင်းဝင်နေသည့်လူသစ်နေကို
နေရည်က ဘေးနားမှာလာထိုင်ပြီးပြောနေသည် ။

နေရည့်အသံကြားသည်နှင့် လူသစ်နေလည်း
အပြင်ဘက်သို့ ခန္ဓာကိုယ်ကိုလျောကာထွက်လိုက်ရသည်။

ဆောင့်ကြောင့်လေးထိုင်နေတဲ့နေရည့်ပုံစံလေးက
ညနေခင်းရဲ့ ရောင်နီဖျော့ဖျော့အောက်မှာ လှနေခဲ့ပါသည်။

နေရည်က သူ့ကိုစကားတွေလာပြောတိုင်း
ရုံမှာရှိသည့်လူအားလုံးရဲ့မျက်နှာတွေက ပြုံးစိစိနှင့်
လူသစ်နေကို စ,နောက်ချင်နေကြတာအသိသာပင် ။

သူကတော့ မသိသလိုသာ ဟန်ဆောင်နေခဲ့ရသည် ။

နေရည်သူ့အနားမှာရှိရင်
ရင်တွေခုန်ရတယ်ဆိုပေမယ့်
ချစ်ဖို့အထိတော့ သူ့ကိုယ်သူလည်းမရေရာခဲ့ပေ ။

" ............ "

လက်ထဲမှာကိုင်ထားသည့်ဂွကို
ဘေးသို့လှမ်းပြစ်လိုက်ပြီး လက်နှစ်ဖက်ကိုခါတီးကာ
နေရည့်ကိုကြည့်လိုက်မိတော့ သူမက သူ့ကိုပြုံးကြည့်နေသည်။

" မိုးချုပ်အောင်နေလို့မရဘူးနေရည်ရဲ့
အိမ်မှာ ညီမလေးတယောက်ထဲစိတ်မချလို့ "

" အဲ့ဒါဆိုလဲ ကိုသစ်ညီမလေးကိုပါ ဒီ ခေါ်လာခဲ့လေ "

" မလုပ်ပါနဲ့နေရည်ရယ်
ဒီမှာက ဆူဆူညံညံအသံတွေနဲ့ဆိုတော့
ပန်းနုလေးက နေတတ်မှာမဟုတ်ဘူး.. "

" နေရည်ရှိနေတာဘဲကိုသစ်ရဲ့
ကိုသစ်ရဲ့ညီမလေးကို နေရည်ကူထိန်းပေးမှာပေါ့ "

" အားနာစရာကြီးနေရည်ရယ် ပြီးတော့ ပန်းနုလေးက
ထိန်းပေးရလောက်အောင်လည်း မငယ်တော့ဘူးလေ "

" ကိုသစ်ကလဲ ဘာအားနာစရာရှိလို့လဲ
နေရည်ဒီမှာရှိတုန်း ကိုသစ်ညီမလေးကိုလည်း
စာပြပေးလို့ရတာပေါ့ နေရည်လဲ အဖော်ရတယ်လေ "

ပန်းပျိုးလက်  ))) 🥀 (((Where stories live. Discover now