part 17

601 44 5
                                    

" ကိုသစ် သောက်လေဗျာ ငြိမ်လှချည်လား "

" ထားလိုက်ကိုစိုးထွဋ်ရေ
ကိုသစ်က အဲ့ဒီလိုမျိုးတွေမသောက်ဘူး "

" ဟာဗျာ လုပ်ငန်းရှင်တယောက်လုပ်နေပြီး
ဒါမျိုးတွေမသောက်ဘူးဆိုတာ ဖြစ်သင့်လို့လားဗျာ
မသောက်တတ်တာလား နို့မဟုတ် အလာ့ဂျီရှိလို့လား "

" မဟုတ်ပါဘူးဗျာ "

" မဟုတ်ရင် တခွက်တော့လုပ်ဗျာ
မိတ်ဖြစ်ဆွေဖြစ်သဘောမျိုးပေါ့ ရမလား "

" ............... "

ခဏခဏလည်း ငြင်းလို့မကောင်းသည်မို့
လူသစ်နေမှာ ကိုစိုးထွဋ်ကမ်းပေးလာသည့်
ဘီယာတခွက်ကို လှမ်းယူကာ သောက်ပြလိုက်ရသည် ။

" အငွေ့နဲ့မရဘူးနော်ကိုသစ်
အဲ့ဒီတခွက်ကိုတော့ ကုန်အောင်သောက်ရမယ် "

" ကိုစိုးထွဋ်ကတော့လုပ်ပြီဗျာ "

တကယ်တော့ လူသစ်နေမှာ
အဖျော်,ယမကာတွေကို မသောက်တတ်တာတော့မဟုတ်ပါ ။

သူလည်း ယောကျ်ားတယောက်ပေမို့
သောက်တတ်စားတတ် ပျော်ပါးတတ်ပါသည် ။

သို့သော်လည်း
လူသစ်နေသည် တကိုယ်တည်းသမားမဟုတ်ချေ ။

သူ့ကိုမှီခိုနေသည့် ဋီကာလေးရှိလေသည် ။

သွေးမတော်သားမစပ်ကြသည့်
ဖိုမ,ကွဲသည့်လူသားနှစ်ဦး အတူနေကြတာမို့
အသိစိတ်ကို ထိန်းချုပ်ရခက်သည့်ဘယ်အရာကိုမှ
သူ့အနေနှင့် အကဲမစမ်းမိအောင်နေထိုင်ခဲ့ပါသည် .. ။

ပတ်ဝန်းကျင်မှာလည်း အမြင်မတင့်သလို
သူကိုယ်တိုင်သည်လည်း သတိထားရှောင်ကျဥ်ရသည်။

သူ့ကြောင့်နဲ့ ဋီကာလေးကိုမထိခိုက်စေလိုပါ ။

မဖြစ်မနေသောက်ရမည့်ပွဲတွေရှိလာလျှင်လည်း
အဲ့ဒီညကိုတော့ အပြင်မှာဘဲအိပ်ဖြစ်တာများပါသည် ။

လူသစ်နေအိမ်မပြန်သည့်ညတွေဆိုလျှင်
အိမ်မှာဋီကာလေးနှင့် အဖော်သွားအိပ်ပေးဖို့
နေရည်ယွန်းကို အကူအညီတောင်းရလေသည် ။

လူသစ်နေသည်
ဘဝ,ကို ဤသို့ဖြတ်သန်းခဲ့ပါသည် ။

သူ့ဘဝ,တလျှောက်လုံးသည်
ဋီကာလေးကိုအကာအကွယ်ပေးဖို့သာဖြစ်၏ ။

ပန်းပျိုးလက်  ))) 🥀 (((Waar verhalen tot leven komen. Ontdek het nu