Part 7

488 32 0
                                    

ပန်း ပျိုး လက် ( ၇ ) ပန်းရင့်ဋီကာ 🌸

" သား လူသစ် မအိပ်သေးဘူးလား .."

အလုပ်ထဲမှာ အာရုံစူးစိုက်မိနေသည့်လူသစ်နေမှာ
ကြီးကြီးမိုးရဲ့ ခေါ်သံကြောင့် မော့ကြည့်လိုက်မိသည် ။

မီးရောင်ရှင်းရှင်းရဲ့အောက်မှာ
ကြီးကြီးမိုးရဲ့ပုံစံက အိပ်မှုံစုံမွှားနှင့်ဖြစ်နေသည် ။

သူ့ကို သားတယောက်လိုစိတ်ပူပေးတတ်သည့်
ကြီးကြီးမိုးရဲ့မေတ္တာတွေက ရင်ကိုနွေးစေပါသည် ။

" အော် ကြီးကြီးမိုး
ကျနော့်ကြောင့် အိပ်ရေးပျက်သွားပြီထင်တယ်
တလက်စ,ထဲမို့လို့ ဧည့်ခန်းထဲမှာဘဲလုပ်နေမိတာ
အိပ်တော့မှာပါကြီးကြီးရဲ့ အခန်းထဲပြောင်းလိုက်မယ်နော် "

" မဟုတ်တာသားရယ် လုပ်စရာရှိရင်လုပ်ပါ
ကြီးကြီးက ဧည့်ခန်းမီး လင်းနေလို့လာကြည့်တာ
သိပ်လည်းဉာဥ့်မနက်စေနဲ့ဦး နှစ်နာရီထိုးတော့မယ် "

" ဟုတ်ကဲ့ပါ ခဏနေရင်အိပ်တော့မှာပါ "

" သား ဘာစားမလဲ ကြီးကြီးဘာလုပ်ပေးရမလဲ "

" မစားတော့ဘူးကြီးကြီး
ခုနကမှ ကော်ဖီတခွက်သောက်ထားတာ "

" ကော်ဖီတွေသိပ်မသောက်နဲ့လို့
သမီးလေးကကြီးကြီးကို သေသေချာချာမှာသွားတာ .."

" မသောက်ပါဘူးကြီးကြီးရဲ့ တခါတလေမှပါ "

" အေးအေး
ကြီးကြီးသွားအိပ်တော့မယ်နော်
သားလဲအကြာကြီးမနေနဲ့တော့ "

ကြီးကြီးမိုးပြန်ထွက်သွားတာနဲ့
သူလဲ အလုပ်တွေကိုလက်စ,သတ်ဖို့ပြင်ရသည် ။

မပြီးပြတ်နိုင်သေးသည့်အလုပ်တွေကို
ကြိုးစားလုပ်နေရင်းနဲ့ တချို့တွေကိုမေ့ဖို့ကြိုးစားရသည်။

မလွယ်ကူပေမယ့်လည်း
အလုပ်ထဲမှာစိတ်ကိုနှစ်ထားရင်
အာရုံက တနေရာထဲမှာဘဲရှိတာမို့တော်သေးသည်။

မဟုတ်ရင် သူ့စိတ်က တွေးချင်ရာတွေးနေတတ်သည် ။

ထိုအတွေးတွေက
အတိတ်ဆီသို့သာ ပျံသန်းလွင့်မျောလေ့ရှိပြန်သည် ။

ပန်းပျိုးလက်  ))) 🥀 (((Where stories live. Discover now