Part 26

1.6K 100 13
                                    

ဆေးရုံဝန်းထဲကိုခြေချလိုက်သည်နှင့်
လူသစ်နေရဲ့စိတ်တွေ လေးလံထိုင်းမှိုင်းလို့နေသည် ။

လင်းမြတ်ရဲ့သတင်းကြောင့် စိတ်မကောင်းဖြစ်ရသလို
သူနဲ့ဋီကာလေးတို့ရဲ့ အဖြစ်အပျက်တွေကြောင့်မို့လည်း
စိတ်ထဲမှာ မလုံမလဲနဲ့ အပြစ်ရှိသလိုခံစားနေရသည်  ..။

တကယ်ကို ခွင့်မလွှတ်နိုင်တဲ့ ရွံရှာစရာလုပ်ရပ်တွေပါဘဲ ။

မင်းက စွဲဆောင်ခဲ့တယ်ဆိုရင်တောင်
ရုန်းမထွက်နိုင်ခဲ့တဲ့ ကိုကို့ရဲ့အပြစ်တွေပါဘဲဋီကာရယ် ။

" လူနာလင်းမြတ်ရဲ့ အခန်းလေးသိပါရစေ .."

နာ့စ်လေးတယောက်ကိုမေးလိုက်သည်နှင့်
လူသစ်နေကို အခန်းရှေ့အထိ လိုက်ပို့ပေးလေသည် ။

ဒီဆေးရုံမှာတာဝန်ကျနေသည့်ဆရာဝန်က
ဒီဆေးရုံမှာဘဲ လူနာအဖြစ် ပြန်ရှိနေတာကတော့
အဲ့ဒီဆရာဝန်ရဲ့ အမှတ်တရတခုပေဘဲပေါ့  ... ။

" ဋီကာ  .."

အခန်းထဲကိုဝင်လိုက်သည်နှင့် ကုတင်ထက်မှာ
ဆေးပိုက်တွေနဲ့လဲလျောင်းနေသည့် လင်းမြတ်ရဲ့နဘေးမှာ
သူ့ရဲ့ဋီကာလေးကို တွေတွေလေးထိုင်နေတာတွေ့လိုက်ရ၏ ။

ပြတင်းပေါက်ဖက်ကို ငေးနေပုံရကာ
ကျောပြင်လေးကိုသာ မြင်နေရပေမယ့်လည်း
ဒီကလေးလေး ဝမ်းနည်းနေမယ်ဆိုတာခန့်မှန်းမိပါသည်။

သူ့ခေါ်သံတိုးတိုးကိုကြားသွားသည့်ဋီကာလေးက
သူရှိရာကို ဖျတ်ခနဲလှည့်ကြည့်လာပြီး မျက်နှာလေးမှာ
အံ့သြရိပ်နှင့်အတူ ရှက်ရိပ်လေးကိုပါ မြင်လိုက်ရသည်ထင်၏ ။

" ကိုကို  .."

တိုးဖွဖွတုန့်ပြန်သံလေးနှင့်အတူ
မတ်တပ်လေးရပ်လာသည့်ဋီကာလေးက
မျက်နှာလေးကိုငုံ့ကာ အကြည့်တွေလွှဲသွားလေသည် ။

ဒီနေရာက ဆေးရုံဖြစ်သလို
လူနာတယောက်လုံးရှိနေသည်မို့
ကိုယ့်ခံစားချက်ကို ရှေ့တန်းတင်လို့မရသလို
အခြေအနေနဲ့ အချိန်အခါကိုလည်း ထည့်တွက်ရသေးသည်။

" ဋီကာ အဆင်ပြေရဲ့လား
လင်းမြတ်ရဲ့အခြေအနေကရော ဘာတဲ့လဲ .."

ပန်းပျိုးလက်  ))) 🥀 (((Where stories live. Discover now