Part 14

739 38 5
                                    

" ဋီကာ ..."

" ကိုကို .."

လူသစ်နေအလုပ်မှပြန်လာချိန်မှာတော့
ခြံဝ,မှာဘဲ ဋီကာနှင့် မျက်နှာချင်းဆိုင်ဆုံလေသည် ။

မျက်နှာချင်းဆိုင်လို့ဆိုရပေမယ့်
လူသစ်နေမှာ ကားနှင့်ဖြစ်ပြီး ဋီကာကတော့
စက်ဘီးတစီးနှင့်ဖြစ်ကာ လူပိုတယောက်လည်းပါလာသည်။

ထိုလူကတော့ လူသစ်နေကိုမှ
မျက်မုန်းကျိုးနေသည့် ကောင်းစည်သူပင်ဖြစ်သည် ။

ကိုကြီးကောင်းကို မကြိုက်ပါဘူးဟု
ပြောခဲ့ဖူးသည့်ဋီကာကိုယ်တိုင်က အခုတော့
ဘေးနားမှာ လိုလိုချင်ချင်ရှိနေပုံကိုမြင်ရတဲ့အခါ
လူသစ်နေ၏ရင်ထဲမှာ အဖြေရှာကုစားလို့မရသည့်
ဝေဒနာတရပ်က အလိုလိုပေါ်ပေါက်လာခဲ့လေသည် ။

ကားတံခါးဖွင့်ပြီး ဆင်းလိုက်ဖို့ဟန်ပြင်ပြီးကာမှ
သူ့ခြေလှမ်းတွေရှေ့ဆက်မတိုးဖြစ်တော့ဘဲဖြစ်နေသည်။

လမ်းကြုံလို့နေမှာပါလေလို့
ကိုယ့်စိတ်ကိုယ်ဖြေတွေးရင်းနှင့်သာ
အတည်ငြိမ်ဆုံးစကားကို ဆိုရလေသည် ။

" တယောက်ထဲလျှောက်မသွားနဲ့လို့ဆိုတာ
အခုရော ဘယ်ကပြန်လာတာလဲ အိမ်ထဲဝင်တော့လေ "

" ဋီကာတယောက်ထဲမဟုတ်ပါဘူး ကျနော်ရှိနေတာဘဲ "

" .............. "

သူ့နားထင်ကြောတွေထောင်တက်သွားသည်အထိ
အံကိုတင်းတင်းဖိကြိတ်လိုက်ပြီးမှ စိတ်ကိုဖြေရသည် ။

သူ့မှာ တည်ငြိမ်နိုင်ဖို့ကြိုးစားနေရပေမယ့်
ကောင်းစည်ကတော့ ထီမထင်မျက်နှာဘေးတွေနှင့် ။

ဋီကာကတော့ သူ့မျက်နှာကို
မဝံ့မရဲပုံစံလေးနဲ့လှမ်းကြည့်ပြီး မျက်နှာလွှဲသွားသည် ။

သူ့စိတ်ထဲမှာ နားမလည်နိုင်ခြင်းတွေများစွာ စီးဝင်နေသည်။

" ဋီကာက အစ်မနေရည့်ဆီသွားတာပါ "

" အိမ်ထဲဝင်တော့ .."

" ဟုတ် .."

ဋီကာအိမ်ထဲဝင်သွားသည်နှင့်
ကောင်းစည်သူလည်း လှည့်ထွက်သွားလေသည် ။

ပန်းပျိုးလက်  ))) 🥀 (((Where stories live. Discover now