Part 19

505 41 3
                                    

ဒီရက်တွေမှာတော့
ဋီကာလေးရဲ့မျက်နှာ မသာယာသည်ကို
အရိပ်လို အမြဲကြည့်နေခဲ့သည့်လူသစ်နေမှာ
ကောင်းစွာမြင်နေရသည်မို့ စိုးရိမ်နေမိသည် ။

ဒီနေ့လည်း လူသစ်နေအပြင်မှပြန်ရောက်ကတည်းက
ဋီကာလေး၏အရိပ်အယောင်ကိုမျှ မတွေ့ရသေးသည်မို့
စိတ်ပူနေသော်လည်း ဒီအတိုင်းသာ လွှတ်ပေးထားမိသည်။

ဋီကာလေးစိတ်ပြေလက်ပျောက်ဖြစ်စေရန်အတွက်
ညနေစာကိုပင် အိမ်မှာမချက်ဘဲ အပြင်မှာသွားစားဖို့ကို
စီစဥ်ထားပြီးပြီမို့ ဋီကာလေးကို သွားခေါ်မှရတော့မည် ။

နေရည်ယွန်းလာပို့ထားသည့် ဟင်းတွေကလည်း
ဆေးရုံမှဆင်းပြီးလို့ တပတ်ကျော်ကြာသည်အထိ
စားလို့မကုန်နိုင်ဘဲရှိနေသည် ။

မလုပ်ပါနဲ့လို့တားနေသည့်ကြားမှ
နေရည်က သူ့အတွက် ဟင်းတွေချက်ပြီးလာပို့ပေးသည်။

လူသစ်နေသတိထားမိသည်က
နေရည်လာပို့ထားသည့်ဟင်းတွေကို
ဋီကာလေးက ထိလည်းမထိ စားလဲမစားပေ ။

" ဋီကာက,အဲ့ဒီဟင်းတွေမကြိုက်ဘူး
ဋီကာကြိုက်တာ ခရမ်းချဥ်သီးဆိုတာ ကိုကိုသိတာဘဲ "

ဟုတ်သည် ။

ဋီကာလေးက ခရမ်းချဥ်သီးကို
တော်တော်လေးကြိုက်နှစ်သက်သူဖြစ်ပြီး
ဋီကာလေးငယ်ငယ်က ကြက်ဥနှင့်ခရမ်းချဥ်သီး
ကြော်သည့်နေ့တွေဆိုလျှင် ဗိုက်လေးပူအောင်စားတတ်သည်။

စားနိုင်သောက်နိုင်သည့်အခြေအနေမို့
အသားဟင်းငါးဟင်းတွေ ချက်ကျွေးဖြစ်ပေမယ့်
ကြက်ဥနှင့်ခရမ်းချဥ်သီးကိုတော့ မကြာခဏကြော်ပေးရသည်။

အခုတော့ နေရည်လာပို့ထားသည့်ဟင်းတွေကို
သူတယောက်ထဲစားနေရသည်မို့ မကုန်နိုင်ပဲရှိလေသည်။

" ဋီကာ ဘာလုပ်နေလဲ စာကျက်နေလား "

" ............... "

အခန်းတံခါးကိုခေါက်ပြီး အသံပြုလိုက်တော့
အခဏအကြာမှာတော့ အခန်းတံခါးပွင့်လာသည် ။

" ဋီကာ ကိုကိုနဲ့အပြင်သွားစားရအောင်
ရေချိုးပြီးပြီမို့လား အဝတ်အစားလဲပြီးထွက်ခဲ့နော် "

ပန်းပျိုးလက်  ))) 🥀 (((Where stories live. Discover now