အပိုင်း (၀၂)

5K 201 3
                                    

Unicode

ညမိုးရဲ့ ဘဝတဆစ်ချိုးမပြောင်းလဲခင် တစ်လအလို ....

တနည်းအားဖြင့် ရိုးဂုဏ်ဆိုတဲ့ လူရဲ့လက်ထဲ သူ့ဘဝကြီးကို မှောက်လိုမှောက် လှန်လိုလှန်ခွင့် ပြုလိုက်ရတဲ့ အိပ်မက်ဆိုးကြီးရောက်မလာခင် လွန်ခဲ့တဲ့တစ်လလောက်ကပေါ့ ......

"အစ်ကို မိုးဟိန်း အသည်းအသန်ဖြစ်နေလို့ ဆေးရုံကို မင်းလိုက်သွားမှ ဖြစ်မယ်။"

ညမိုး ကလပ်တစ်ခုမှာ အလုပ်လုပ်နေချိန်ရောက်လာတဲ့ အစ်ကိုဖြစ်သူရဲ့ သတင်းဆိုးကြီးတစ်ခုကြောင့် သူ့အလုပ်တွေအကုန်ပစ်ပြီး ထွက်လာခဲ့ရတယ်။

သဘောကောင်းတဲ့ မာန်နေဂျာက သူအတွက် ကားခဖိုးအပြင် ငွေပိုနည်းနည်းလက်ထဲထည့်ပေးလိုက်တာပဲကျေးဇူးတင်ရမည်။

ညဆယ့်တစ်နာရီဆိုတဲ့အချိန်မှာ သွားလာဖို့က အခက်အခဲရှိနေသည်။ ဘက်(စ်) ကားမရှိတော့တာကြောင့် လမ်းတစ်ဝက်လောက်ကို တက္ကစီဖိုး မတန်မရာပေးပြီးစီးသွားလိုက်ရသည်။ အလျှင်လိုနေတာမို့ ဈေးဆစ်ဖို့လည်းအချိန်မရ။

"ညမိုး ငါဒီမှာ .."

ကားဂိတ်နားမှာ စီးကရက်ဖွာရင်းစောင့်နေတဲ့ သူငယ်ချင်း ချစ်မင်းက ဆိုင်ကယ်နောက်ခုံကို ပုတ်ပြပြီးခေါ်နေတာကြောင့် ညမိုးအပြေးအလွှားတက်မိသည်။

ဆေးရုံရောက်တော့ ဆယ်နှစ်နာရီထိုးနေပြီး။ အစ်ကို ဟိန်းမိုးက‌အရေးပေါ်ခန်းထဲမှာ အသက်လုနေရတုန်းပဲ။

"ဒီတစ်ခါတော့ ကံကောင်းသွားတယ်။ လူနာရဲ့နှလုံးအခြေအနေက အရမ်းဆိုးနေပြီ။ နှလုံးအစားထိုး ခွဲစိတ်မှုလုပ်နိုင်ဖို့ကြိုးစားပါ။ မဟုတ်ရင်တော့ စိတ်ကို ကြိုတင်ပြင်ဆင်ထားဖို့လိုလိမ့်မယ်။"

ဆရာဝန်ကြီး၏ စကားအဆုံးမှာ ညမိုး အံကိုကြိတ်ပြီး နံရံပေါ်လက်သီးတစ်လုံး ပစ်ထိုးလိုက်သည်။

"သူတောင်းစားဘဝတွေက စုပ်ပျက်သထက် စုပ်ပျက်နေတော့တာပဲ စားဖို့တောင်အနိုင်နိုင်ဖြစ်နေတာ ငါ့အစ်ကိုရောဂါကို ငါဘယ်လိုကုနိုင်မှာလဲ"

ဘေးကျပ်နံကျပ်နဲ့ ကူကယ်ရာမဲ့နေတဲ့ သူငယ်ချင်းဖြစ်သူကိုကြည့်ရင်း ချစ်မင်းလည်းစိတ်မကောင်းပေ။

ကျွန်တော့ ကလေးမေမေ (2024){Complete}Where stories live. Discover now