အပိုင်း (၂၆)

2.8K 120 16
                                    

ကျွန်တော့ ကလေးမေမေ
Unicode

ညမိုးသတိပြန်ရလာတော့ မျက်လုံးဖွင့်ဖွင့်ချင်းမြင်လိုက်ရတာက ကြယ်လေးတွေလိုတောက်ပနေတဲ့ မျက်လုံးပိုင်ရှင်လေးတွေဖြစ်တဲ့ မိုးထက်နဲ့ ညရောင်။

"ဖေဖေ ည ..."
"ဖေဖေ ည ..."

ဝမ်းသာအားရဖြင့် ဖေဖေညလို့ခေါ်လာတဲ့ ပေါက်စနလေးတွေ။

"မိုးထက် ... ညရောင် ..."

"ဖေ ... နိုးလာပြီ"

"ဖေဖေ့ကို သွားပြောမို့"

ညရောင်လေးက ခုတင်ပေါ်မှ ဖင်ကိုလျှောချဆင်းပြီး အခန်းပြင်သို့ လှုပ်တုပ်လှုပ်တုပ်နဲ့ပြေးထွက်သွားသည်။

"ညရောင်လေး ..."

ညမိုးလှမ်းခေါ်လိုက်သော်လည်း ညရောင်လေးကတော့ လှည့်ကြည့်မလာ‌ခဲ့‌ပေ။

ညမိုးလှဲနေရာကနေ ထထိုင်လိုက်ပြီး မိုးထက်လေးကို သူ့ပေါင်ပေါ်မှာပေးထိုင်လိုက်သည်။

"မိုးထက် သား ...  မန်မန်စားပြီးပြီလား"

"ဖေဖေ ကျွေးပြီးပီ"

"ဖေဖေ လာပြီ"

ရိုးဂုဏ်၏ လက်ညိုးလေးကို ဆုပ်ကိုင်ပြီး အခန်းထဲဆွဲခေါ်လာတဲ့ ညရောင်လေး။

"အစ်ကို ..."

"မိုးထက် ... ညီလေးနဲ့ အခန်းထဲသွားဆော့ချည်ဦး"

ရိုးဂုဏ်က ညမိုးပေါင်ပေါ်မှာထိုင်နေတဲ့ မိုးထက်လေးကိုချီပြီး အောက်ချပေးလိုက်ကာ ညရောင်လေးနဲ့ အတူကစားဖို့ပြောသည်။

မိုးထက်လေး ကလည်း သူ့ဖေဖေစကားကို နာခံလျက် သူ့ညီလေးလက်ကိုဆွဲပြီး သူတို့ကိုယ်ပိုင်အခန်းဆီသို့ခေါ်သွားလေသည်။

"အစ်ကို ..."

ညမိုးက ရိုးဂုဏ်အနားသွားဖို့ ခုတင်ပေါ်ကဆင်းရန်ပြင်လိုက်သော်လည်း ရိုးဂုဏ်၏ တားဆီးခြင်းကို ခံလိုက်ရသည်။

"မလှုပ်နဲ့ ခြေထောက်မှာ ဒဏ်ရာနဲ့ ငြိမ်ငြိမ်လေးနေ"

ညမိုးကိုယ်တိုင်လည်း သူ့ခြေထောက်က နာကျင်မှုကို ခံစားနေရတာကြောင့် ရိုးဂုဏ်ပြောတဲ့အတိုင်း ငြိမ်နေလိုက်သည်။

ကျွန်တော့ ကလေးမေမေ (2024){Complete}Where stories live. Discover now