အပိုင်း (၀၄)

4K 194 2
                                    

Unicode

ဆေးရုံဝင်းအတွင်း မသင်္ကာစရာကောင်းတဲ့ လူတစ်စုက ညအချိန်မတော်ကြီး လှုပ်ရှားနေကြသည်။

မျက်နှာဖုံးတပ်ထားပြီး ဂျူတီကုတ်အဖြူကိုဝတ်ထားတဲ့လူတွေက ဆရာဝန်အယောင်ဆောင်ပြီး လူနာတစ်ဦးကို ခေါ်ထုတ်သွားကြသည်။ ထို့နောက် စာတိုတစ်ခုသာချန်ထားရစ်ခဲ့သည်။ အဲ့ဒီစာက

"ဆေးဖိုးမတက်နိုင်တော့လို့ ဆေးရုံက ဆင်းသွားပါပြီ" ဆိုတဲ့ တိုတိုတုတ်တုတ်ရေးထားတဲ့စာလေးဖြစ်သည်။

ညမိုးက အိမ်ပြန်ဖို့အခက်အခဲရှိနေတဲ့ ဧည့်သည်ကို ပြန်လိုက်ပို့ပေးနေရတာကြောင့် ညာဉ့်အဝောာ်နက်မှ အလုပ်ကနေ အိမ်ကို ပြန်နိုင်ခဲ့သည်။ သူ့အစ်ကိုဆီ သွားကြည့်ချင်ပေမယ့် မဖြစ်နိုင်တော့တာကြောင့် သူ့စီးနေကျ စက်ဘီလေးကိုပဲ အားသွန်ခွန်စိုက်နင်းရင်း အိမ်ပြန်လမ်းကို ဦးတည်ခဲ့ရသည်။

သို့သော် လူပျက်သည့် လမ်းချိုးလေးတစ်နေရာအရောက်မှာ ညမိုးစက်ဘီက ပစ်လဲကျသွားသည်။ မီးမရှိတဲ့နေရာဖြစ်နေတာကြောင့် ညမိုးဟာ သစ်ကိုင်းကျိုးအပိုင်းစကို မမြင်ပဲ အရှိန်နဲ့နှင်းမိပြီး စက်ဘီးမှောက်သွားတာဖြစ်ရမည်ဟု ကိုယ်ဘာသာတွေးတောနေခဲ့သော်လည်း ဖြစ်ရပ်မှန်ကမရိုးရှင်းမှန်း သူ့အနားရောက်လာတဲ့ လူလေးယောက်ကြောင့် သဘောပေါက်သွားခဲ့သည်။

ဒီလမ်းကို ညမိုးက အချိန်မတော် ဖြတ်သန်းသွားနေကျဖြစ်သည်။ ယခင်က တစ်ကြိမ်တစ်ခါမှ အနှောက်အယှက်ပေးခံရတာမျိုး မကြံခဲ့ဖူးဘူး။ ဒီနေ့ကျမှ သူကံဆိုးမည့်ရက်ဖြစ်နေတာဖြစ်ရမည်။

"မင်း ... ငါတို့နဲ့လိုက်ခဲ့"

ညမိုးရဲ့ မျက်ခုံးနှစ်ဖက်က အလိုလိုတွန်းချိုးမိရက်သားဖြစ်သွားသည်။

သူထင်တာက ဒီလူတွေက သူဆီက ဓါးပြတိုက်မယ်လို့ပေါ့။ အဲ့လိုဆို သူ့အတွက်က စိုးရိမ်စရာမရှိပေ။

သူ့လက်ထဲမှာ ငွေသားက ကားခလောက်သာရှိနေပြီး သူ့တစ်ကိုယ်လုံးမှာလဲ တန်ဖိုးရှိတာဘာမှ မရှိ။ စက်ဘီကလည်း တော်တော်လေးစုတ်နေပြီမို့ အဟောင်ဆိုင်ပို့ရမည့် အခြေအနေမှာ ရောက်နေသည်။

ကျွန်တော့ ကလေးမေမေ (2024){Complete}Where stories live. Discover now