အပိုင်း (၀၅)

4.2K 178 5
                                    

Unicode

မှန်ထဲမှာမြင်နေရတဲ့ ကိုယ့်ပုံကိုယ်ကြည့်ပြီး ညမိုးက ကိုယ့်ဘာသာပဲ စိတ်ထဲက ကျိတ်ပြီး ငါက ဘယ်လိုနေနေကြည့်ကောင်းနေတာပဲလို့ချီးကျူးလိုက်သည်။

"ဘယ်လိုလဲ ဒီလောက်ဆိုအဆင်ပြေပြီလား"

ဗိုက်ဖုံးအင်္ကျီလေးနဲ့ လှချင်တိုင်းလှနေတဲ့ ညမိုးက မှန်ရှေ့မှာ ဟိုဘက်လှည့်လိုက် ဒီဘက်လှည့်လိုက် လုပ်နေရင်း ရိုးဂုဏ်ကိုလှမ်းမေးလာသည်။

ရိုးဂုဏ်က သူမသိလိုက်ခင်မှာပဲ တံတွေးကို ခက်ခက်ခဲခဲမြိုချမိလိုက်ရပြီး

"မင်း အဲ့ဒါကြီးတွေ ဝတ်ထားတာ ဘယ်လိုမှမနေဘူးလား" လို့မေးလိုက်မိသည်။

ညမိုးနေရာမှာသာ ရိုးဂုဏ်ဆိုရင် အဲ့ပုံစံကြီးနဲ့ နေရတာရှက်လွန်းလို့ မူးမေ့လဲသွားလောက်သည်။ သူ့ရှေ့ကကောင်လေးက ဘာမှမဟုတ်သလိုပင် တက်ကြွနေသေးသည်။

"အို ... ဒါကြီး‌တွေက ဘာဖြစ်နေလို့လဲ ဆန်သုံးအိတ်‌ထမ်းတင်ထားရတာမှ မဟုတ်တာဗျာ နေရမခက်ပါဘူးဗျ။"

ညမိုးက သူ့စိတ်ထဲရှိတဲ့အတိုင်းသာပြောထွက်သွားသည်။ ညမိုးဘဝက ကြမ်းတမ်းခဲ့တာမို့ ဒါမျိုးလောက်က စာဖွဲ့စရာပင်မလို။ တစ်နေ့ကို ဆန်အိတ်တစ်ရာလောက်အထိတောင် သူသယ်ခဲ့ဖူးသည်။ ဒါမျိုးအလုပ်က သူ့အတွက် သက်သောင့်သက်သာဖြစ်လွန်းသည်။

တကယ်တော့ ညမိုးက သူ့အစ်ကို ကျန်းမာရေးအတွက် အာမခံချက်ရပြီးကတည်းက သူ့စိတ်တွေက ရွှင်ပြနေခဲ့တာဖြစ်သည်။ အဲ့တာကြောင့်လည်း အရာအားလုံးက သူ့အတွက် ချောချောမွေ့မွေ့ရှိနေသလို ခံစားနေရတာလဲပါသည်။

ရိုးဂုဏ်စိတ်ထဲ တစ်ခုခုတော့ မှားယွင်းနေပြီလို့ စတင်ခံစားလာရသည်။ ဘာကမှားနေမှန်းသေချာမပြောတက်ပေမယ့် မှားနေပြီမှန်းတော့သိသည်။ ရိုးဂုဏ်က အတွေးများနေတဲ့ သူ့ကိုယ်သူ ပြန်သတိပေးလိုက်ပြီး လိုရင်းကိစ္စကိုပြန်သွားသည်။

"မနက်ဖြန် မနက်ပိုင်းမှာ ငါ့အဖေနဲ့ မင်းကိုပေးတွေ့မယ် ညနေပိုင်းမှာ သတင်းစာရှင်းလင်းပွဲလုပ်မယ်။ မင်းလုပ်ရမှာက ငါဦး‌ဆောင်တဲ့နောက်ကနေ လိမ်လိမ်မာမာလေးလိုက်လာဖို့ပဲ။ မလိုအပ်ပဲ အပိုစကားတွေမပြောမိစေနဲ့။ ပြီးတော့ တလက်စတည်းမှာထားဦးမယ် ရေချိုးတဲ့အချိန်ရယ် အိပ်တဲ့အချိန်ရယ်ကလွဲရင် မင်းရဲ့ ဗိုက်အတုကြီးကို ဖြုတ်ဖို့မကြိုးစားနဲ့။ ထပ်ပြောမယ် ငါတို့အိမ်ထဲကို ငါ့အဖေ ဒါမှမဟုတ် ငါ့နောက်ကြောင်းကို လိုက်နေတဲ့လူတွေက အတွင်းသူလျှိုထည့်ထားပြီး စောင့်ကြည့်လာနိူင်တယ်။ အဲ့တော့ အခေါ်အဝေါ်ကအစ မမှားစေနဲ့ ပိရိပါစေ။ တစ်ခုလေးမှ မှားယွင်းလို့မရဘူး။ နားလည်လား။"

ကျွန်တော့ ကလေးမေမေ (2024){Complete}Dove le storie prendono vita. Scoprilo ora