အပိုင်း (၂၄)

2.8K 117 13
                                    

ကျွန်တော့ ကလေးမေမေ

Unicode

မိုးထက်နဲ့ ညရောင်လေးက သူတို့အတွက် သီးသန့်ပြင်ဆင်ပေးထားတဲ့ စားပွဲခုံပုလေးတွေမှာထိုင်ပြီး သူတို့ဖေဖေည ပြင်ပေးထားတဲ့ အဟာရရှိတဲ့မနက်စာကို အားရပါးရ စားနေကြတယ်။

မိုးထက်‌လေး က တစ်ခါတစ်လေ သူ့ပန်းကန်ထဲက အသားတစ်ချို့ကို ခက်ရင်းနဲ့ထိုးပြီး ညရောင်လေးကို ခွံကျွေးသလို ညရောင်လေးကလည်း သူ့ပန်းကန်ထဲက အသီးရွက်ကြော်တစ်ချို့ကို သူ့ကိုကိုမိုးထက်ပါးစပ်ထဲသို့ ပြန်ခွံပေးနေခဲ့သည်။

ညမိုးက သူ၏ အိမ်ဦးနတ်ဖြစ်တဲ့ ရိုးဂုဏ်အတွက် မနက်စာပြင်ပေးရင်း သားနှစ်ယောက်ကိုလဲ တစ်ချက်တစ်ချက် စိတ်မချစွာ လှမ်းကြည့်နေမိသည်။

ညမိုးက ထမင်ဆီစမ်းပူပူနွေးနွေးလေးရယ် ကြက်ဥကြော် နဲ့ ငရံ့ခြောက်ဖုတ်ဆီစိမ်လေးကို ပြင်ဆင်ပေးပြီးနောက် နွားနိူ့ပူပူလေးပါ ခွက်ထဲထည့်ပြီး စားပွဲပေါ်မှာ အဆင်သင့်တင်ထားပြီးချိန်မှာပဲ ရိုးဂုဏ်ကလည်း ကွက်တိဆိုသလို ထမင်းစားခန်းထဲရောက်လာခဲ့သည်။

"အစ်ကို ... မနက်စာ အဆင်သင့်ပဲ။ လိုတာရှိရင် ညကိုပြောနော်။"

"ဘာမှမလိုဘူး။ ညပြင်ပေးတဲ့ ထမင်းပူပူနွေးနွေးလေးတစ်ပန်းကန်နဲ့တင် ကိုယ့်အတွက်က ပြည့်စုံနေပြီ"

တကယ်တော့ မနက်စာ ထမင်းပူပူစားတဲ့အကျင့်ကို ညမိုးသင်ပေးထားတာကြောင့် ရိုးဂုဏ်အကျင့်ရနေပြီဖြစ်သည်။ အခုဆို ညမိုးပြင်ပေးတဲ့ မနက်ခင်း ထမင်းပူပူလေးမှမစားရရင် ရိုးဂုဏ်မှာ တစ်နေကုန်အားမရှိသလိုခံစားရသည်အထိပင်။

ရိုးဂုဏ်က အကျင့်ကောင်းလေးတွေသင်ပေးတဲ့ သူ့ရဲ့ပါရမီဖြည့်ဖက် အိမ်ရှင်ထီးလေးကို မြတ်နိုးစွာနဲ့ အနမ်းလေးပေးမိတယ်။

"ဖေ .. အာဘွား"

မိုးထက်လေးနဲ့ ညရောင်လေးတို့က သူတို့ဖေဖေည အနမ်းခံလိုက်ရသလို သူတို့ကပါ အနမ်းခံခြင်ကြောင်း အသံပိစိလေး‌တွေထွက်ပြီး တောင်းဆိုလာကြတယ်။

ညမိုးတစ်ယောက် သားဖြစ်သူတွေရဲ့ အပြုအမှုကြောင့် သူ့ရဲ့ခပ်နွေးနွေးပါးတစ်ဖက်ကို ကိုင်ပြီး ရှက်သွေးဖြာနေမိတယ်။

ကျွန်တော့ ကလေးမေမေ (2024){Complete}Where stories live. Discover now