အပိုင်း (၂၉)

2.3K 105 4
                                    

ကျွန်တော့ ကလေးမေမေ
Unicode

၂နှစ်ခန့်ကြာပြီးသော်

"ဖေဖေ ည ပြီးပြီလား"
"ဖေဖေ ည သားတို့ပြီးပြီ"

လွယ်အိတ်ဆင်တူလေးတွေလွယ်ပြီး အော်ဟစ်ကာ အခန်းထဲပြေးဝင်လာတဲ့ သားနှစ်ယောက်လုံးကို ရိုးဂုဏ်က သူရဲ့အားကောင်းမောင်းသန် လက်ကြီးများဖြင့် အဆင်သင့်ပွေ့ဖက်ပစ်လိုက်တယ်။

"ဖေဖေ ... ဖေဖေ ညကော"

မိုးထက်လေးက အခန်းထဲကို တစ်ချက်ဝှေ့ကြည့်ပြီးနောက်မေးလာတယ်။

"မသိပါဘူး ပေါက်စနလေး‌တွေဖေဖေက ဘယ်လောက်တောင်ရှိုးထုတ်နေလဲဆိုတာ အခုထိ အဝတ်လဲခန်းထဲကကို ထွက်မလာသေးတာ"

"သား သွားကြည့်မို့"

ညရောင်လေးက ပြောရင်းဆိုရင်း သူ့ဖေဖေရိုးဂုဏ်လက်‌ပေါ် က ကော့ဆင်းပြီး အဝတ်လဲခန်းထဲသို့ လေလိုအလျှင်နဲ့ပြေးဝင်သွားတယ်။

မိုးထက်လေးကလည်း သူ့ညီလေးနောက်ကနေ ထပ်ကြပ်မကွာ ပြေးလိုက်သွားပြန်တယ်။

"ညီညီရေ ကိုကိုလည်းလိုက်မယ်"

ညမိုးက အဝတ်လဲခန်းထဲကနေ အပြင်က သားအဖသုံးယောက်ဆူညံနေတာကို ကြားနေခဲ့ရတယ်။ အခန်းထဲကို လုံးတုံးတုံးလေးတွေနဲ့ ဟက်ထိုးလဲကျမတက်ပြေးဝင်လာတဲ့ အမြွှာပေါက်စနလေးတွေမမြင်ခင် ညမိုးက အခန်းတံခါးနောက်သို့ ခပ်သွက်သွက်လေးဝင်ပုန်းနေလိုက်တယ်။

"ဖေဖေ ည ..."

ညရောင်လေးက အရင်ခေါ်တယ်။
မိုးထက်လေးကလည်း ဟိုဟိုသည်သည်လိုက်ရှာတယ်။

"ဝါး ...."

"အား ...."

ညမိုးက အနောက်ကနေ လှမ်းခြောက်လိုက်တော့ ညီအစ်ကိုနှစ်ယောက်က အလန့်တကြားထအော်ပြီး တစ်ယောက်ကိုယ်တစ်ယောက် ပြေးဖက်ကြတယ်။

ရုတ်တရက်ထွက်လာတဲ့ အသံကြီးက သူတို့ဖေဖေညဆီကမှန်းသိတော့ နှစ်ယောက်သား မျက်နှာနှုတ်ခမ်းလေးထော်ပြီး

"ဖေဖေည က လန့်အောင်လုပ်တယ်"

ဟုဆိုကာ နှစ်ယောက်ပြိုင်တူ မကျေမချမ်းပြောလာကြတယ်။

ကျွန်တော့ ကလေးမေမေ (2024){Complete}Where stories live. Discover now