အပိုင်း (၂၀)

3.5K 146 21
                                    

ကျွန်တော့ ကလေးမေမေ

Unicode

ခွဲစိတ်ဆရာဝန်များ ချွေးပြန်နေကြရသည်။ လူနာက သွေးပေါင်ချိန်အရမ်းကျနေတာကြောင့် ခွဲစိတ်မှုစတင်ဖို့ကို‌တောင် တော်တော်ခက်ခက်ခဲခဲလုပ်ဆောင်နေကြရသည်။

ခွဲခန်းထဲမှ ရေးကြီးသုတ်ပြာဖြင့် ပြေးထွက်လာကြတဲ့ နာစ့်တွေကိုကြည့်ရင်း ဦးဓနဂုဏ်ကော ဟိန်းမိုးပါ လက်အုပ်ချီပြီး ဘုရားတနေကြရသည်။

"ည ... ညအခြေအနေဘယ်လိုလဲ"

အမောတကောနဲ့ အပြေးရောက်လာပြီး မေး‌နေတဲ့ ရိုးဂုဏ်။ မျက်နှာကလည်း သွေးစီးကြောင်းကြီးနဲ့မို့ မြင်ရသူတိုင်းကို အထိတ်တလန့်ဖြစ်စေလောက်သည်အထိပင်။

"သား ... မင်း ဘာတွေဖြစ်လာတာလဲ"

"ည အခြေအနေကို အရင်သိပါရစေ။ ည .... အဆင်ပြေရဲ့လား။"

"အခုထိတော့ ခွဲနေကြတုန်းပဲ အခြေအနေကတော့ ..."

"ကိုရိုးဂုဏ် ...."

ဦးဓနဂုဏ်စကားမဆုံးသေးခင်မှာပဲ ဒေါက်တာလီယိုက ခွဲခန်းထဲကထွက်လာပြီး ရိုးဂုဏ်နာမည်ကို ခေါ်လာသည်။

"ဒေါက်တာ ည အခြေအနေက ကောင်းတယ်မဟုတ်လား"

"စိတ်မကောင်းပေမယ့် ည နဲ့ ကလေးတွေ ထဲက တစ်ယောက်ကိုရွေးမလား နှစ်ယောက်ကိုရွေးမလား ဆိုတာ ကိုရိုးဂုဏ်ပေါ်မူတည်သွားပါပြီ"

"ဒေါက်တာ ဘာကိုဆိုလိုတာလဲ"

"အခုအခြေအနေက ကိုရိုးဂုဏ် နှစ်ခုထဲက တစ်ခုကိုရွေးချယ်လိုက်ရင်တောင် အဲ့တစ်ခုက အောင်မြင်မယ်လို့မဆိုလိုနိုင်ဘူး ဆိုလိုချင်တာက သုံးယောက်လုံးကို လက်လွတ်လိုက်ရနိုင်ပါတယ်"

"ကျွန်တော့ရွေးချယ်မှုက သုံးယောက်လုံးပဲ ... သုံးယောက်လုံး အသက်ရှင်နေတာပဲမြင်ချင်တယ် တစ်ယောက်မှ မလျော့စေနဲ့။"

"ကောင်းပါပြီး ရွေးချယ်မှုမလုပ်တဲ့အတွက် သုံးယောက်လုံးရဲ့ အသက်အန္တရာယ်က ပိုပြီးစိုးရိမ်ရပေမယ့် အဆုံးထိလက်မလျော့ပဲ အကောင်းဆုံးဖြစ်အောင်ကြိုးစားပေးပါမယ်"

ဒေါက်တာလီယို ခွဲခန်းထဲပြန်ဝင်သွားတာနဲ့ ရိုးဂုဏ်က သူ့စိတ်ကို အတက်နိုင်ဆုံးငြိမ်အောင်ထားပြီး အင်္ဂုလိမာလသုတ်ကို ဖြည်းဖြည်းနဲ့မှန်မှန် တောက်လျှောက်ရွတ်နေခဲ့တယ်။

ကျွန်တော့ ကလေးမေမေ (2024){Complete}Where stories live. Discover now