အပိုင်း (၁၅)

3.5K 168 6
                                    

ကျွန်တော့ ကလေးမေမေ

Unicode

ရိုးဂုဏ်အတွက် ဒုတိယ အကြိမ်မြောက်ကျင်းပတဲ့ မင်္ဂလာပွဲက ညမိုးဆိုတဲ့ အမျိုးသားနှင့်ဖြစ်သည်။

ပထမအကြိမ် မင်္ဂလာပွဲက အထမမြောက်ပဲ ပွဲပျက်ခဲ့ရပေမယ့် ယခုကျင်းပနေဆဲ မင်္ဂလာပွဲကတော့ လူအများအလယ်မှာ တင့်တယ်စွာနဲ့ အထမြောက်အောင်မြင်ခဲ့ပြီဖြစ်သည်။

ရိုးဂုဏ် ချစ်ရပါသော အမျိုးသားလေးက ရိုးဂုဏ်လက်ကိုတွဲပြီး ယုံကြည်မှုအပြည့်နဲ့ ဧည့်ပရိတ်သတ်များကို လိုက်လံဧည့်ခံပေးရှာသည်။

ပူဖောင်းနေတဲ့ ဗိုက်ကလေးကို မသိသာအောင် ဖုံးကွယ်ထားတဲ့ ညမိုးက တဖြည်းဖြည်းနွမ်းနယ်လာတာကိုတွေ့တော့ ရိုးဂုဏ်က ဧည့်သည်တွေနဲ့ မိတ်ဆက်တာကို အလျှင်ဆိုသလို ရပ်တန့်လိုက်ပြီး ညမိုးကို နားနေဆောင်သို့တွဲခေါ်သွားတော့သည်။

"ဦးဓနဂုဏ်က တော်တော်လေးသဘောထားကြီးတာပဲ။"

ဦးဓနဂုဏ်က သူမိတ်‌ဆွေပြောလာတဲ့ စကားက သူ့ကိုချီးကျုးနေတာမဟုတ်ပဲ ခနဲ့ချင်လို့ပြောလာတဲ့စကားမှန်းသိသည်။ သို့သော် ဦးဓနဂုဏ်က အပြုံးတစ်ချက်လေးတောင်မပျက်ခဲ့ဘူး။

"ကျွန်တော်က သဘောထားကြီးတာမဟုတ်ပါဘူးဗျာ။ ကျွန်တော့ သားရဲ့ အမျိုးသားက ရှားပါးတဲ့ အဖိုးတန်ရတနာလေးမို့ လက်လွတ်မခံခဲ့ရုံပါ။ မိဘတစ်ယောက်အတွက် အရေးအကြီးဆုံးက ကိုယ့် သားသမီးပျော်ရွှင်ဖို့နဲ့ ကောင်းစားတာကိုမြင်ရဖို့ပဲ မဟုတ်လား။ မောင်ညမိုးမှာက ကျွန်တော့သားကို အဲ့ဒီနှစ်ခုလုံးနဲ့ ပြည့်စုံအောင်ထားပေးနိုင်တဲ့ အရည်အချင်းရှိတယ် "

"ဦးဓနဂုဏ်ပြောမှ  ကျွန်‌တော်တောင် မောင်းညမိုးအကြောင်းတွေကို စိတ်ဝင်စားသလိုရှိလာပြီ။ တကယ့် ဒိတ်ဒိတ်ကြဲ မိသားစုက သမီးပျို‌တွေအကုန်လုံးကို ပယ်ချပြီးတောင် ရွေးချယ်လိုက်တဲ့သူက ဘယ်လောက်တောင်အရည်အချင်းတွေပြည့်ဝနေလို့လဲဆိုတာကိုပေါ့။ "

"ဒါတော့မဖြစ်ဘူးထင်တယ်"

"ဘာဖြစ်လို့လဲဗျ"

"ကျွန်တော့ သားက သူ့အမျိုးသားကို သိပ်သဝန်တိုတာဗျ"

"ဟား ... ဟား ... ဟုတ်ပါပြီဗျ။ ကျွန်တော်ကလည်း စတာပါ။"

ကျွန်တော့ ကလေးမေမေ (2024){Complete}Where stories live. Discover now