အပိုင်း (၁၉)

2.9K 137 8
                                    

ကျွန်တော့ ကလေးမေမေ

Unicode

သည်းခံရခက်တဲ့နာကျင်မှုမျိုးကို ညမိုးခန္ဓာကိုယ်အတွင်းမှနေ၍ ခံစားနေရသည်။ နာကျင်မှုက တိုးလာလိုက် လျော့သွားလိုက်ဖြင့် ကြိမ်ဖန်များစွာဖြစ်ပျက်နေခဲ့တာဖြစ်သည်။

ညမိုး သန့်စင်ခန်းထဲက ထွက်လာတဲ့အချိန်မှာ နာကျင်မှုက မဆိုသလောက်လေးလျော့သွားတာကြောင့် ကုတင်ပေါ်မှာပဲ လက်ဖနောင့်လေးဖြင့်ထောက်ပြီး ငြိမ်ငြိမ်လေးထိုင်နေမိသည်။

"ည ..."

အခန်းထဲဝင်လာတဲ့ အစ်ကို့ကိုမြင်လိုက်ရတဲ့ခဏမှာ ညမိုးရဲ့နာကျင်မှုတွေက မပြောပလောက်အောင်ဖြစ်သွားပြီး အားကိုးရာတစ်ခုရသွားသလိုခံစားလိုက်ရသည်။

"အစ်ကို ဘယ်သွားနေတာလဲ"

"ကိုယ် ... ဖုန်းခဏသွားပြောတာ"

"အလုပ်ကိစ္စလား"

"ဟုတ်တယ်။ ကိုယ် အရေးပေါ် အစည်းအဝေးတစ်ခု မဖြစ်မနေ သွားတက်ရဖို့ရှိနေတယ်။ အကြာကြီးတော့မဟုတ်ဘူး သုံးနာရီလောက်ပါပဲ။ ဒါပေမယ့် ညကို ကိုယ်စိတ်မချဘူး။"

"အရမ်းအရေးကြီးနေတယ် မဟုတ်လား။"

"ည လောက် ဘယ်အရာမှအရေးမကြီးဘူး"

"ညက အဆင်ပြေတယ်။ ခဏလေးပဲဟာ။ သွားလိုက်ပါ။"

"ကိုယ် ... ညကို စိတ်မချဘူး"

ညအတွက်အရမ်းစဉ်းစားပေးတဲ့ အစ်ကိုက သူ့အလုပ်တွေကို အိမ်ကနေပဲလုပ်ပြီး ကုမ္ပဏီမှာ နေရင်း တိုက်ရိုက် မကြီးကြပ်နိူင်တာ ကြာနေပြီ မဟုတ်လား။ တစ်ကြိမ်တစ်ခါလောက်ကတော့ အစ်ကိုသွားသင့်ပါတယ်။ မဟုတ်ရင် အများအမြင်မှာ အစ်ကိုက တာဝန်မယူတက်တဲ့သူလို့ အထင်မှားသွားနိုင်သည်။ ညမိုးကြောင့် အစ်ကို့ကို အဲ့လိုအထင်မခံနိုင်ပါ။

"တစ်ခုခုဆို ညဖုန်းလှမ်းဆက်မယ်လေ။ နေ့တစ်ပိုင်းစာလောက်အတွင်း ည ဘာမှမဖြစ်နိုင်ပါဘူး။ ညကို စိတ်ချနော်။"

"ကောင်းပါပြီ အစ်ကို အမြန်ဆုံးပြန်လာခဲ့မယ်"

ရိုးဂုဏ်ဟာ နောက်စံတင်းတင်းနဲ့ပဲ အိမ်ကနေထွက်သွားလိုက်ရတယ်။

ကျွန်တော့ ကလေးမေမေ (2024){Complete}Where stories live. Discover now