အပိုင်း (၂၈)

2.5K 121 14
                                    

ကျွန်တော့ ကလေးမေမေ
Unicode

ရွှေစင်ယမင်းက ညမိုးမျက်နှာကို မြင်တာနဲ့ မအောင့်အီးနိုင်တော့တဲ့ဟန်ဖြင့် အလျှင်စလိုပြောလာတယ်။

"ညမိုး ... နင် ယုံချင်ချင် မယုံချင်ချင် ငါ့မှာ အစ်ကိုရိုးဂုဏ်နဲ့ ရတဲ့ကိုယ်ဝန်ကိုလွယ်ထားရပြီ"

ညမိုးက အလွန်စိတ်ပျက်နေသည့်ပုံစံမျိုးနဲ့ တစ်ဖက်လူကို ကြည့်ရင်း ခနဲ့ပြုံး‌လေး ပြုံးလိုက်ကာ

"အဲ့တော့ ..." ဟုဆိုကာ

ရွှေစင်ယမင်းကို စိုက်ကြည့်ပြီး ဘာဖြစ်ချင်လဲ ဆက်ပြောလေဆိုတဲ့ ပုံစံနဲ့ လက်ပိုက်ပြီး ရပ်ကြည့်‌ပေးလိုက်တော့

ရွှေစင်ယမင်းက အပျက်ပျက်အယွင်းယွင်းဖြစ်နေတဲ့ မျက်နှာနဲ့ ညမိုးကို ပြူးကြည့်လာပြီး သည်းမခံနိုင်တော့သည့်ပုံစံဖြင့် အော်ဟစ်တော့သည်။

"အစ်ကိုရိုးဂုဏ်အနားကနေ နင့်ကိုထွက်သွားခိုင်းနေတာ။ ငါ့မှာ သူနဲ့ရတဲ့ ကိုယ်ဝန်ရှိနေပြီ။ ငါသူနဲ့အတူနေမှဖြစ်တော့မှာ။"

"ဘယ်သူ့သဘောနဲ့လဲ"

"ညမိုး နင်က ယောက်ျားလေးပါ။ ပြီးတော့ ကလေးလည်း မွေးပေးနိုင်တာ မဟုတ်ဘူး။ နင်က အစ်ကိုရိုးဂုဏ်အတွက် မိသားစုဘဝကို မဖန်တီးပေးနိုင်ဘူး။ ငါကတော့ မတူဘူး ငါက သူ့အတွက် ကလေးမွေးပေးနိုင်တယ်။ မိသားစုဘဝကို ပြည့်စုံအောင်ဖန်တီးပေးနိုင်တယ်။ အဲ့တော့ နင်သာ အစ်ကို ရိုးဂုဏ်ကို တကယ်ချစ်ရင် သူ့အတွက်စဉ်းစားပြီး ထွက်သွားပေးသင့်တယ်။ မဟုတ်ဘူး ထွက်သွားပေးရမယ်"

"ဟက် ... ကျုပ်က‌တော့ အစ်ကို့အတွက် စဉ်းစားပြီး ခင်ဗျားနဲ့ ခင်ဗျားကလေး နှစ်ယောက်လုံးကို သတ်ပစ်ပြီး အလောင်းဖျောက်ပစ်လိုက်တာက ပိုကောင်းမယ်လို့ထင်တာပဲ"

"နင် ... နင် ဘယ်လိုတောင် ပြောထွက်ရဲတာလဲ"

"ခင်ဗျားပေးတဲ့ အကြံထက် ပိုကောင်းတဲ့ အကြံရှိတာကို ခင်ဗျားသိအောင်ပြောပြနေတာ။ ဘယ်လိုလဲ ခင်ဗျားကို သတ်ပစ်ပြီး အလောင်းဖျောက်ပစ်လိုက်ရမလား"

"နင် လုပ်ရဲလို့လား"

"အစ်ကို့အတွက်ဆိုရင်ပေါ့"

ကျွန်တော့ ကလေးမေမေ (2024){Complete}Where stories live. Discover now