အပိုင်း (၁၆)

3.3K 146 5
                                    

ကျွန်တော့ ကလေးမေမေ

Unicode

ခန္ဓာကိုယ်ကို ဟိုဘက်လှည့် ဒီဘက်လှည့် လုပ်ရင်း သည်းမခံနိုင်တော့တဲ့အဆုံး ညမိုး အပေါ့ထသွားရတော့သည်။ ဒါနဲ့ဆို ညအိပ်ရာဝင်ပြီးနောက်ပိုင်း ငါးကြိမ်မြောက်အပေါ့သွားခြင်းဖြစ်သည်။

ကိုယ်ဝန် နှစ်ဆယ်လေးပတ်ထဲရောက်လာကတည်းက ညမိုး နေရထိုင်ရခက်ခဲလာသည်။ ကလေးတွေက ကြီးထွားဖွံ့ဖြိုးလာနေသည့်အပြင် တစ်ယောက်တည်းမဟုတ်တာကြောင့် ဆယ်နှစ်လက်မခန့်အရွယ်ရှိနေပြီဖြစ်တဲ့ ကလေးလေးနှစ်ယောက်ကို ဗိုက်ထဲထည့်လွယ်ထားရသည်မှာ ထင်သလောက်မလွယ်။ ယခင် ညမိုးဟန်ဆောင်ဗိုက်တုနဲ့နေခဲ့ရတဲ့အချိန်တွေနဲ့ လားလားမှ မတူ။

ညမိုးအိမ်ချင်မူးတူးလေးနဲ့ ‌သန်းစင်ခန်းဝင်ပြီး ကိစ္စရှင်းရသည်။

ညမိုး သန့်စင်ခန်းထဲက ပြန်ထွက်လာတော့ ရိုးဂုဏ်ကလည်း အိပ်ရာကနိူးနေပြီး သမ်းဝေနေတာကို မြင်လိုက်ရသည်။

"နိုးသွားတာလား"

"အင်း ... ည ... အခုထိ ကောင်းကောင်းမအိပ်ရသေးဘူးပဲ။ နောက်ဆို ပိုဂရုစိုက်မှရတော့မယ်။ ကိုယ်လည်း ဆရာဝန်နဲ့ တိုင်ပင်ကြည့်ပါဦးမယ်"

"ညတို့ အခန်းခွဲအိပ်ကြမလား"

ညမိုးက ကုတင်ပေါ်တက်ရင်း ရိုးဂုဏ်ကို မေးကြည့်လိုက်တယ်။ သူနဲ့အတူ ရိုးဂုဏ်ပါ အိပ်ရေးပျက်ရတာကြာပြီ။ ရေရှည်ဆို နှစ်ယောက်လုံးအတွက်မလွယ်။

"ဘာတွေပြောနေတာလဲ။ ညက မပေါ့မပါးကြီးနဲ့ ကိုယ်စိတ်မချဘူး။"

"ည နဲ့အတူ အစ်ကိုပါ အိမ်ရေးပျက်ရတယ်မဟုတ်လား။ ညက အိမ်မှာနေလို့ ကိစ္စမရှိပေမယ့် အစ်ကိုက ကုမ္ပဏီကို သွားရသေးတယ်မဟုတ်လား။ အခုလို အိပ်ရေးပျက်နေရင် အလုပ်ထဲမှာ ဘယ်လို အာရုံစူးစိုက်နိုင်ပါတော့မလဲ။"

"အဲ့တာ ကိုယ့်ဘာသာဖြေရှင်းနိုင်တယ်။ ည မပူနဲ့ ဟုတ်ပြီလား။ အခုတော့ ကိုယ့်ရင်ခွင်ထဲလာပါဦး။"

ရိုးဂုဏ်က ညမိုးလက်မောင်းလေးကို အသာကိုင်ဆွဲပြီး ညမိုးကိုယ်လေး‌ကို သူ့ရင်ခွင်ထဲထည့်ထားလိုက်တယ်။

ကျွန်တော့ ကလေးမေမေ (2024){Complete}Where stories live. Discover now