အပိုင်း (၀၃)

4.2K 177 3
                                    

Unicode

"ရိုးဂုဏ် ... မင်းစိတ်ဆန္ဒအလျှောက် လုပ်ခွင့်ကို ငါတို့ကြည်ဖြူ ခွင့်ပြုခဲ့ပြီးပြီ။ အခုမင်းဘက်က ငါတို့မိဘတွေရဲ့ ဆန္ဒကို လိုက်နာရမယ့် အချိန်ပဲ။ ဦးမြတ်ထွန်းသမီး ရွှေစင်ယမင်း နဲ့ မင်းအမြန်ဆုံးလက်ထက်နိုင်ဖို့ကြိုးစားပါ။"

ဖြစ်ခဲ့ပြီးတဲ့ ပြသနာအတွက် အချိန်ကုန်ခံ‌နေတဲ့ သားဖြစ်သူ ရိုးဂုဏ်ကို အသိစိတ်ဝင်‌စေရန် ဦးဓနဂုဏ် မပြောချင်ပဲပြောရတော့သည်။

မတွေ့ချင်လို့ ရှောင်ပုန်းနေတဲ့သူကို အချိန်ကုန်ခံပြီး ရှာဖွေနေတာက အရေးမပါတဲ့ အလုပ်တစ်ခုလို့ပဲ ဦးဓနဂုဏ်က သတ်မှတ်ထားသည်။ ဒီလို ပြသနာမျိုးလောက်ကို ဦးဓနဂုဏ်က အသာလေးရှင်းပေးနိုင်သည်။

ရိုးဂုဏ်ကတော့ အခုချိန် သူ့စိတ်ထဲမှာ သူနာမည်ပျက်ရတာ၊ အရှက်ရတာထက် သူ့ကိုတွေ့ခွင့်မပေးတဲ့ ဟန်နီကိုတွေ့ရဖို့ကိစ္စနဲ့ ပြသနာအရင်းအမြစ်ဖြစ်တဲ့ ကိုယ်ဝန်နဲ့မိန်းကလေးကို ရှာဖွေ စုံစမ်းရန်သာဖြစ်သည်။

"စဉ်းစဉ်းစားစားလည်ပြောပါဦး အဖေရာ။ ကျွန်တော်က ပူပူနွေးနွေးလက်ထပ်ပွဲအဖျက်ခံထားရတဲ့သူပါ။ ပြီးတော့ ကျွန်တော် ဟန်ဆုကိုပဲချစ်တယ်။"

"တော်စမ်းရိုးဂုဏ်။ အခြေအမြစ်မရှိတဲ့ ကိစ္စတစ်ခုအတွက်နဲ့ မင်းကို စွန့်ပစ်လိုက်တဲ့ မိန်းမကို မင်း အခုထိ မက်မောနေသေးတာလား။"

"အဖေဘာမှ မသိပဲ ဟန်ဆုကို မစွပ်ဆွဲပါနဲ့ဗျ။ ဟန်ဆုက ခဏ စိတ်ဆိုး ..."

"ရိုးဂုဏ် ... ဟန်ဆုသီက မနေ့ကပဲ နိုင်ငံခြားကိုထွက်သွားပြီကွ။"

"မဟုတ်တာ။ ဟန်ဆုက ကျွန်တော့ကို မပြောပဲ ... မဟုတ်ဘူး .... ကျွန်တော်မယုံဘူး။"

မထင်ထားတဲ့ စွန်ပစ်ခံရမှုကို အခုမှပဲ ရိုးဂုဏ် လက်တွေ့ဆန်ဆန် နားလည်လိုက်သည်။ သူတို့ချစ်ခဲ့တဲ့ အချစ်တွေထဲမှာ ယုံကြည်မှုနဲ့ နားလည်မှု ကင်းမဲ့နေတာကို ရိုးဂုဏ် မျက်ဝါးထင်ထင် မြင်တွေလိုက်ရသည်။ ရိုးဂုဏ်ချစ်တဲ့ အမျိုးသမီးက အချစ်ထက် မာန်မာနကို ကိုးကွယ်သူဖြစ်နေခဲ့သည်။

ကျွန်တော့ ကလေးမေမေ (2024){Complete}Where stories live. Discover now