အပိုင်း(၀၈)

3.5K 164 6
                                    

ကျွန်တော့ ကလေးမေမေ ...

Unicode

"ည ... ညရဲ့သားအိမ်ထဲမှာ သန္ဓေသားစတည်နေပြီဆိုပေမယ့် စိတ်ချလို့တော့မရသေးဘူး။ အဲ့တာကြောင့် ည ... သေချာလေးဂရုစိုက်ဖို့တော့လိုလိမ့်မယ်။"

ရိုးဂုဏ်က ညမိုးရဲ့အကောင်အထည်မပေါ်လာသေးတဲ့ ဗိုက်ချက်ချက်လေးကို အသာယာအုပ်ကိုင်းရင်းသတိထားဖို့ပြောတော့ ညမိုး ခေါင်းညိတ်လို့နာခံမိတယ်။

"ည တစ်ခုခုခံစားရတာမျိုးရှိလား။ ဥပမာ တစ်ခုခုစားချင်တာမျိုး၊ လိုချင်တာမျိုးပေါ့"

"အဲ့လို မရှိပါဘူး"

"ပါမောက္ခဒေါက်တာလီယိုက ဒီညနေဆို မြန်မာပြည်ကိုရောက်ပြီ။ မနက်ဖြန်ကိုယ်တို့ သူနဲ့သွားတွေ့ကြည့်ပြီး ကိုယ်ဝန်ရဲ့အခြေအနေကို စစ်ဆေးကြည့်ရင်ကောင်းမယ်။ ကိုယ့်ကလေးက ညဗိုက်ထဲမှာရှိတာမှန်ရင် ညတစ်ခုခုတော့ခံစားရမှာပဲ။ အခုက ဘာမှမခံစားရဘူးဆိုတော့ ကိုယ်နည်းနည်းစိတ်ပူတယ်"

"ကလေးက သုံးပတ်ပဲရှိသေးတာ"

"ဒါပေမယ့် ကိုယ်ကြားဖူးတာ ကိုယ်ဝန်ဆောင်‌တွေက ကလေးရှိလာရင် နေထိုင်မကောင်းဖြစ်တက်ကြတယ် ဟိုလိုမျိုးကွာ အန်တာတို့ဘာတို့ပေါ့"

"ရိုးဂုဏ်က ကျုပ်ကို နေထိုင်မကောင်းဖြစ်‌စေချင်တာလား"

"အဲ့လိုသဘောတော့ မဟုတ်ပါဘူး။ ဟူး ... မသိတော့ဘူးကွာ။ ည ... က အရမ်းအေးဆေးလွန်းနေတော့ ကလေးရှိနေတာကို မသိရဘူး ကလေးရှိနေတယ်လို့ မခံစားရဘူး အဲ့လိုဖြစ်နေတာ"

ရိုးဂုဏ်က အဲ့သဘောမဟုတ်ဘူးလို့ပြောနေပေမယ့်။ အဲ့သဘောပဲ သက်ရောက်နေတာမဟုတ်လား။ ရိုးဂုဏ်က ကျုပ်ကို ကိုယ်ဝန်ဆောင်သည်‌တွေခံစားရတဲ့ ဝေဒနာကို ခံစားရပြီး နာကျင်စေချင်နေတာမဟုတ်လား။ ပြောရရင် ရိုးဂုဏ် ... ကျုပ်ကိုပေးချင်တဲ့ အပြစ်ဒဏ်တစ်ခုပဲပေါ့။ တကယ်တော့ ကျုပ်သေလောက်အောင် နာကျင်ခဲ့ရသလို သေလောက်အောင်လဲ နာကျင်နေဆဲပါပဲရိုးဂုဏ်။ အဲ့ဒီနာကျင်မှုတွေကို ကျုပ်အစ်ကိုရဲ့မျက်နှာကိုကြည့်ရင်း မျိုသိပ်ထားခဲ့ရတာပါ။

ကျွန်တော့ ကလေးမေမေ (2024){Complete}Dove le storie prendono vita. Scoprilo ora