အပိုင်း (၁၈)

3.1K 159 13
                                    

ကျွန်တော့ ကလေးမေမေ

Unicode

ပျော်ရွှင်မှု၊ ထိတ်လန့်မှု၊ စိုးရိမ်မှု စတဲ့ ခံစားချက်ပေါင်းစုံက ညမိုးဆီကို ရောပြွန်လို့ရောက်ရှိလာတယ်။ အရမ်းတွေ့ချင်နေခဲ့တဲ့သူ။ အရမ်းသတိရလွမ်းဆွတ်နေခဲ့ရတဲ့သူ။ အခြေအနေအမျိုးမျိုးကြောင့် တွေ့ခွင့်မရခဲ့တဲ့သူ။ အဲ့ဒီလူကို အခု ညမိုးတွေ့ခွင့်ရနေပြီ။ ညမိုးအရမ်းပျော်တယ်။ အဲ့လိုပဲ သူရဲ့ လက်ရှိအခြေအနေကို သတိရတော့ စိုးရိမ်ထိတ်လန့်မှုကိုလည်း အတိုင်းအဆ မသိနိုင်အောင်ခဲ့စားလာရတယ်။

"ကိုကို ...."

ကိုကိုက ညမိုးရှေ့ကို တစ်လှမ်းချင်းလျှောက်လာနေတာကိုမြင်ရပေမယ့် ညမိုးကတော့ လက်ချောင်းလေးတစ်ချောင်တောင် ရွှေ့လျားဖို့ အားရှိမနေဘူး။ ကိုကို့မျက်လုံးထဲမှာ ရင်ကျိုးမတက်ဖြစ်နေတဲ့ ဆို့နစ်မှုတွေရှိနေတာကို ညမိုးအတိုင်းသားမြင်နေရတယ်။

"ညမိုး ... ညီလေး .... ကိုကို့ညီလေး"

ကိုကိုက ညမိုးလက်‌တွေကို အရင်လိုပဲ နွေးထွေးစွာနဲ့ ဆုပ်ကိုင်ပေးတယ်။ ပြီးတော့ ကိုကိုမျက်ရည်ကျတယ်။ နောက်ပြီးတော့ ကိုကိုက စိတ်မကောင်းဖြစ်နေတဲ့လေသံလေးနဲ့

"ကိုကို့ကြောင့်ပါ" လို့ပြောလာတယ်။

ညမိုး ... ကိုကို့လက်တွေကို တင်းကျပ်အောင်ပြန်လည်ဆုပ်ကိုင်ထားပေးလိုက်တယ်။ ကိုကို့ကို ဝမ်းမနည်းစေချင်ဘူး။ ဖြစ်လာသမျှက ကိုကို့အပြစ်လို့လည်း အထင်မမှားစေချင်ဘူး။

"မဟုတ်ဘူး။ အဲ့လိုမတွေးနဲ့။ အရာအားလုံးက ကောင်းဖို့ဖြစ်လာတာ။ အခုချိန်မှာ အားလုံးက အဆင်ပြေနေပြီ။ အဲ့တာက အရေးကြီးဆုံးပဲမဟုတ်လား။"

"ဒါပေမယ့် ... အရာအားလုံးကောင်းလာဖို့ အရာအားလုံးအဆင်ပြေလာဖို့ ကိုကို့ညီလေး ဘယ်လိုရုန်ကန်ခဲ့ရလဲ ဘယ်လိုပေးဆပ်ခဲ့ရလဲ ကိုကိုသိတာပေါ့။ ကိုကို့ညီလေး အရမ်းပင်ပန်းပြီး ခက်ခဲခဲ့မှာ။ အဲ့တာတွေကို မသိဘဲ ကိုကိုက ညမိုးဘာလို့ ကိုကို့ကို တစ်ခါလေးတောင် လာမကြည့်တာလဲဆိုပြီး စိတ်‌ဆိုးခဲ့သေးတာ။ ကိုကို အရမ်းဆိုးတယ်မဟုတ်လား။"

ကျွန်တော့ ကလေးမေမေ (2024){Complete}Where stories live. Discover now