အပိုင်း (၁၃)

3.4K 172 8
                                    

ကျွန်တော့ ကလေးမေမေ

Unicode

"ည ...."

"ည..."

ဆေးရုံကော်ရစ်တာတစ်လျှောက်မှာ ရိုးဂုဏ်ရဲ့အော်သံက ဟိန်းလို့‌။

ဒေါသ၊ နောင်တ၊ စိုးရိမ်စိတ်တွေနဲ့ ရိုးဂုဏ်တစ်ယောက် ပူလောင်လှပြီ။

အရာရာက သူရဲ့ သတိတစ်ချက်လှစ်ဟ မှုကြောင့် ပျက်စီးရတော့မည်။

ညမိုးကို ဆုံးရှုံးလိုက်ရမှာကြောက်တဲ့စိတ်ကြောင့် အလောတကြီးပြုမူလိုက်တဲ့ ရိုးဂုဏ်ရဲ့ အပြုအမှုကပဲ ညမိုးကို ဆုံးရှုံးစေခဲ့ပြီလား။

ရိုးဂုဏ်၏ ခေါင်းတစ်ခုလုံးအုံခဲနေပြီ သူ့ရင်တွေဟာ အဆမတန်ခုန်နေတာကြောင့် အသက်ပင်ဝအောင်မရှုနိုင်တော့ဘူး။

"ည ... ဘယ်ရောက်နေတာလဲကွာ။ ကိုယ့်ဆီပြန်လာခဲ့ပါ။"

ရိုးဂုဏ် သွေးရူးသွေးတန်းနဲ့အော်ဟစ်နေမိတယ်။

"‌ဘေ့ာ(စ်) ..."

"ဇီးရိုး ...  ညကိုတွေလား ည ဘယ်မှာလဲ"

"CCTV ကိုပြန်စစ်ကြည့်ပြီးပါပြီ ဘော့(စ်) အစ်ကိုလေး ညမိုးက ဆေးရုံထဲမှာ မရှိတော့ပါဘူး"

"ဆေးရုံထဲမှာမရှိတော့ဘူး ဟုတ်လား။ ဒါဆို ညက ဘယ်ထွက်သွားတာလဲ။ အိမ်ကိုလဲပြန်မလာဘူးတဲ့။ ကိုယ်ဝန်ကြီးနဲ့ကိုကွာ ..."

ရိုးဂုဏ်က ‌ဘေးနားမှာရှိနေတဲ့ အုတ်နံရံကို လက်သီးနဲ့ထိုးပြီး သူ့ကိုယ်သူအပြစ်တင်နေမိတယ်။ သူဘာလို့များ အားနည်းနေတဲ့ကိုယ်ဝန်ဆောင်သည် အမျိုးသားလေးကိုမှ ရက်စက်ခဲ့မိတာလဲ။

"အစ်ကိုလေးညမိုးက အဝေးကိုတော့ထွက်မသွားလောက်ဘူး ဘော့(စ်)။ ဟိန်းမိုးဆိုတဲ့လူက ကျွန်တော်တို့လက်ထဲမှာပဲရှိ‌နေသေးတယ်လေ။ အစ်ကိုလေးက ကလေးတွေကြောင့် ကြံရာမရပဲ ခဏထွက်သွားတာပဲနေမှာပါ။"

"မင်းပြောတာဟုတ်တယ်။ ညက သူ့အစ်ကိုကို သိပ်ချစ်တာ။ သူ့အစ်ကို ကိုထားခဲ့ပြီး ဘယ်ကိုမှ ထွက်သွားနိုင်မှာမဟုတ်ဘူး။ ငါ အိမ်ပြန်ပြီး ညကိုစောင့်ရမယ်။"

ဇီးရိုးပြောတဲ့ စကားတွေက အဓိပ္ပါယ်ရှိနေတာကြောင့် ရိုးဂုဏ် မျှော်လင့်ချက်လေးရှိလာပြီး အိမ်ပြန်ဖို့ပြင်တော့သည်။

ကျွန်တော့ ကလေးမေမေ (2024){Complete}Where stories live. Discover now