အပိုင်း (၁၁)

3.1K 150 2
                                    

ကျွန်တော့ ကလေးမေမေ

Unicode

ရိုးဂုဏ် အိမ်က ကလေးမေမေကို ဂရုစိုက်ပေးနေတာနဲ့ ကုမ္ပဏီ‌ကိုရောက်တော့ မနက်ကိုးနာရီခွဲပင်ဖြစ်နေလေပြီ။

ဧည့်ကြိုကောင်တာနားက အဖြတ် ရင်းနှီးတဲ့ လူတစ်ယောက်နဲ့တွေ့လိုက်ရတာကြောင့် လူမှုရေးအရကော စီးပွားရေးအရပါ မနှုတ်ဆက်ချင်ပဲနှုတ်ဆက်လိုက်ရတယ်။

"မောင်ရိုးဂုဏ် မတွေ့ရတာတောင်ကြာပြီနော်"

"ဟုတ်တယ် ဦးမြတ်ထွန်း။ ဒီနေ့ ကုမ္ပဏီထိရောက်လာတယ်ဆိုတော့ ဈေးကွက်ရှာဖွေရေးဌာနမှာ ပြသနာများရှိနေလို့လား။"

"အဲ့လိုပဲ ပြောရမှာပဲ။ အဲ့ကိစ္စကို ဦး မောင်ရင်နဲ့‌ဆွေးနွေးချင်တယ် ရမလား။"

"ရပါတယ်။ ကျွန်တော်တို့ အစည်းအဝေးခန်းထဲမှာ သွားပြောကြတာပေါ့။"

ရိုးဂုဏ်နဲ့ ဦးမြတ်ထွန်း အလုပ်ကိစ္စဆွေးနွေးတာ တစ်နာရီခန့်မျှကြာသွားခဲ့တယ်။

"ဒါဆို ဦးတို့ဆုံးဖြတ်ထားတဲ့အတိုင်းပဲဆက်လုပ်ကြတာပေါ့။"

"ဟုတ်ကဲ့ပါ။"

"ဒါနဲ့ ဦး ... အတွက်မမှားဘူးဆို မောင်ရင့်အမျိူးသမီးက ကလေး မွေးပြီး‌လောက်ပြီပေါ့။ ဘာလေးမွေးတာလဲ မောင်ရင်။ သတင်းလည်း မကြားမိတော့လေ ပြသနာများရှိနေလို့လား။"

ဦးမြတ်ထွန်းဘက်က အခုလို ထုတ်မေးလာမယ်ဆိုတာကို ရိုးဂုဏ် ကြိုတွက်ထားပြီးသားဖြစ်သည်။ ဦးမြတ်ထွန်းဘက်က သူ့လူတွေလွတ်ပြီး ရိုးဂုဏ်အကြောင်းတွေကို စုံစမ်းနေတာသိကတည်းက ဦးမြတ်ထွန်းတို့ သားအဖတွေ ရိုးဂုဏ်ကို လက်မလျှော့သေးမှန်းသိသည်။

အခုချိန်မှာသာ လုပ်ဇာတ်ခင်းထားတဲ့ ညလေးရဲ့ဖြစ်တည်မှုမရှိတော့မှန်းသာသိရင် ဦးမြတ်ထွန်းတို့ ပိုအတင့်ရဲပြီး ရှေ့တစ်လှမ်းတိုးလာနိုင်သည်။ အဲ့တော့ ရိုးဂုဏ်အနေနဲ့ အမှန်တရားတစ်ဝက် အလိမ်အညာတစ်ဝက်နဲ့ ပြန်ဖြေမှသာ သင့်တော်ပေလိမ့်မည်။

"ကျွန်တော်ကလေးမေမေနဲ့ ကလေးက ကောင်းကောင်းမွန်မွန်ပဲရှိနေပါတယ်။ ဦးမြတ်ထွန်းလည်းအလုပ်များတဲ့သူဆိုတော့ အချိန်က တန်ဖိုးရှိတယ်မဟုတ်လား ကျွန်တော့ကိုအားမနာပဲ ပြန်လို့ရပါတယ်။ အော် .. ကားပါလာရဲ့လား။ မပါလာရင် ကျွန်တော့လက်ထောက်ကိုပြန်ပို့ခိုင်းလိုက်ပါ့မယ်။

ကျွန်တော့ ကလေးမေမေ (2024){Complete}Where stories live. Discover now