အပိုင်း (၂၇)

2.6K 123 9
                                    

ကျွန်တော့ ကလေးမေမေ
Unicode

အမြွှာပေါက်စနလေးတွေ အရုပ်ဆက်နေတာကို ဘေးကနေကြည့်နေတဲ့ ညမိုးက ခပ်ပြုံးပြုံးရယ်။

ညမိုးမျက်လုံးထဲမှာတော့ ကိုယ့်ရင်သွေးပေမို့လားတော့မသိ သူတို့လေးတွေဘာလုပ်လုပ်ချစ်ဖို့ကောင်းနေတော့တာပင်။

"ည ... "

"ဟင် ... အစ်ကို အလုပ်က အစောကြီးပြန်လာတာလား"

ညမိုးက ရိုးဂုဏ်မျက်နှာကို သေချာလိုက်ကြည့်တယ်။

"နေမကောင်းလို့လား"

ညမိုးက ရိုးဂုဏ်ရဲ့ နဖူးလေးကို စမ်းဖို့ လက်မြှောက်လိုက်သော်လည်း သူလက်လေးက အလယ်တစ်ဝက်မှာပဲ တစ်ယောက်သောသူ၏ လက်ထဲရောက်သွားခဲ့ရတယ်။

ရိုးဂုဏ်က ညရဲ့ လက်ကလေးကို ကိုင်ပြီး လက်ဖမိုးလေးကို ကြင်နာစွာ အနမ်းပေးတယ်။

"အစ်ကို ထူးဆန်းနေတယ်"

"ကိုယ့်ဘက်က တောင်းပန်ရမယ့် ကိစ္စမလုပ်ထားပေမယ့် တောင်းပန်ပါတယ်"

"အစ်ကို ဘာဖြစ်လာလဲ မသိပေမယ့် ည ... အစ်ကို့ဘက်မှာပဲ အမြဲရပ်တည်ပေးမှာပါ"

"ကိုယ် ... ညကို အရမ်းချစ်တယ်"

"သား .. သားကိုကော"

ညရောင်လေးက အသံစာစာလေးနဲ့ ထမေးတယ်။ မိုးထက်လေးကလည်း ညရောင်လေးမေးတဲ့အတိုင်း လိုက်မေးပြန်တယ်။

"သား ကိုကော"

ရိုးဂုဏ် စိတ်ညစ်နေတဲ့ကြားက ပြုံးမိသွားတယ်။ ဒီအမြွှာပေါက်စနလေးတွေက သူတို့ဘာသာ မကစားပဲ သူတို့ဖေဖေတွေ စကားပြောနေတာကို လိုက်စပ်စုနေခဲ့တာပဲ။

"ချစ်တာပေါ့ ညရောင်လေးကိုကော မိုးထက်လေးကိုကော ပြီးတော့ ...."

ပြောနေရင်း ရိုးဂုဏ်က ညမိုး၏ မေးလေးကို လှမ်းကိုင်လိုက်တယ်။

"ဟောဒီက ညမိုးလေးကိုကော သုံးယောက်လုံးကို အရမ်းချစ်တာ"

အမြွှာလေးနှစ်ယောက်က လက်ခုပ်ထတီးပြီး သဘောတကျနဲ့ ပြောလာကြတယ်။

"သားတို့ .. တူ .. တူ ... ချစ်ကြမယ်"

ချစ်စရာကောင်းတဲ့ကလေးလေးတွေ ပျော်မြူးနေကြတာကိုကြည့်ပြီး ရိုးဂုဏ်ကော ညမိုးပါပြုံးနေမိတယ်။

ကျွန်တော့ ကလေးမေမေ (2024){Complete}Where stories live. Discover now