အပိုင်း (၁၀)

3.3K 166 15
                                    

ကျွန်တော့ ကလေးမေမေ

Unicode

ကိုယ်ဝန်ခုနစ်ပတ်လောက်ကစပြီး ညမိုးရဲ့ လှုပ်ရှားမှုတွေက စတင်လေးလံလာတယ်။ အချိန်တော်တော်များများ အိပ်ငိုက်နေတက်ပြီး အစားအသောက်လည်း ပျက်လာသည်။

"ည ... စိတ်ထဲ စားချင်တာ တစ်ခုခုများမရှိဘူးလား"

"မရှိဘူး ကျုပ်အိပ်ပဲအိပ်ချင်တယ်"

ညမိုးက ကုတင်ပေါ်မှာ တစောင်းအနေအထားနဲ့ ကွေးကွေးလေးလှဲအိပ်ရင်း ဖြေသည်။

"ညက အိပ်ချင်တယ်သာပြောတာ ပြီးရင်အိပ်ပျော်တာလဲ မဟုတ်ဘူး။ ကိုယ့်ကိုပြော ဘယ်နေရာက နေလို့မကောင်းဖြစ်နေတာလဲ"

ရိုးဂုဏ်က လက်တော့(စ်) အိတ်ကို စာကြည့်စားပွဲပေါ်ပြန်တင်ပြီး ညမိုးဘေးမှာ တင်းပါးလွှဲဝင်ထိုင်ရင်း မေးနေခြင်းဖြစ်သည်။

ရိုးဂုဏ် အလုပ်သွားခါနီး နောက်ကြောင်းမအေးနိုင်ဖြစ်နေရသည်။ ရိုးဂုဏ်အလုပ်သွားရင် ညမိုးက အိမ်အကူ ဖိုးသားရယ် ခြံစောင့် ဦးတွတ်ရယ်နဲ့ သုံးယောက်တည်းကျန်ခဲ့တာမို့သိပ်စိတ်မချချင်။

"ရိုးဂုဏ် အလုပ်သွားမှာဖြင့်သွားပါ ကျုပ်အဆင်ပြေပါတယ်"

"ဘာကိုအဆင်ပြေတာလဲ လူက လက်သီးတစ်ဆုပ်စာပဲရှိတော့တယ်"

ရိုးဂုဏ်ပြောမှ ညမိုးသူ့အဖြစ်သူတွေးပြီး ငိုချင်လာသည်။ သူအခုတလော အမြဲလိုအိပ်ချင်နေပြီး အိပ်ရာထဲမှာပဲခွေနေတက်သည်။ တကယ်တမ်း အဲ့လိုနေလို့ အိပ်ပျော်လားဆိုတော့လည်း အိမ်မပျော်။ လူက လေးလံထိုင်းမှိုင်းနေပြီး အခြေအနေကပိုးဆိုးလာသည်။

ရုတ်တရက် ငြိမ်ကျသွားပြီး မျက်ရည်တွေဝဲလာတဲ့ ညမိုးကိုမြင်တော့ ရိုးဂုဏ် မနေတက်တော့ပေ။ အမြဲတမ်းအကောင်းမြင်ပြီး ပျော်ပျော်နေတက်တဲ့ ကောင်လေးရဲ့ အခုလိုပုံစံကို ရိုးဂုဏ်သဘောမကျ။

"ည ... ဘာဖြစ်တာလဲ ကိုယ့်ကိုပြော။ ကိုယ့်ကိုမှမပြောရင် ညက ဘယ်သူ့ကိုသွားပြောမှာလဲ။"

"ကျုပ်ကိုယ်ကျုပ်လည်း နားမလည်တော့ဘူး ... ကျုပ် ... ကျုပ် မှာ အခုလိုအခွင့်အရေးမျိုး တောင်းဆိုခွင့် မရှိမှန်းသိပေမယ့် ကျုပ် .... ရိုးဂုဏ်လက်မောင်းပေါ် ခေါင်းအုံးပြီး ရိုးဂုဏ်ရင်ခွင်ထဲမှာ အိပ်ရရင်ကောင်းမှာပဲလို့အမြဲတွေးနေမိတယ်။ အဲ့လို မအိပ်ရမချင်း ကျုပ်ကောင်းကောင်းအိပ်ပျော်မယ်မထင်ဘူး။"

ကျွန်တော့ ကလေးမေမေ (2024){Complete}Where stories live. Discover now