အပိုင်း (၁၇)

3.1K 133 8
                                    

ကျွန်တော့ ကလေးမေမေ

Unicode

ရိုးဂုဏ်က ရုံးကနေ အိမ်ကိုတန်းမပြန်ဘဲ Bakery ဆိုင်တစ်ခုကို အရင်ဝင်ခဲ့တယ်။

"မင်္ဂလာပါရှင် Hello Bakery ဆိုင်မှကြိုဆိုပါတယ်ရှင့်"

"အစ်ကို Special request အနေနဲ့ ကိတ်မှာထားတာလေးရပြီလား"

ရိုးဂုဏ်အသံကြားတာနဲ့ ဆိုင်မှာ ရာထူးကြီးပုံရတဲ့ အမျိုးသားတစ်ယောက်က အပြေးအလွှား ရောက်လာပြီး

"ဟုတ်ကဲ့ ကိုရိုးဂုဏ်လား မသိဘူး။ ကျွန်တော်တို့‌သူဌေးက သေချာမှာထားလို့ အကောင်းဆုံးဖြစ်အောင်ပြင်ဆင်ထားပါတယ်။ အခုပဲ သွားယူ‌ပေးပါမယ်ဗျ။ ခဏလေးပဲစောင့်ပါဗျ။" ဟုပြောတာ ကိတ်မုန့်ကို ကိုယ်တိုင်သွားယူပေးသည်။

ကိတ်မုန့်သွားယူတာကို စောင့်နေရင်း ရိုးဂုဏ် သူ့သူငယ်ချင်း သန့်လွင်ဆီကို ဖုန်းဆက်ပြီး ကျေးဇူးတင်စကားလှမ်းပြောလိုက်သည်။

"ကျေးဇူးပဲ သူငယ်ချင်း။ အလောသုံးဆယ်နဲ့ အကူအညီတောင်ရတာ အားလည်းနာပါတယ်။"

*ရပါတယ်ကွာ။ အဆက်အသွယ်ကောင်းတွေဆိုတာ ဒီလိုနေရာမှာ အသုံးချရတာမျိုးမဟုတ်လား။ မင်းသာ ငါ့ဆိုင်က ဝန်ဆောင်မှုကိုသဘောကျရင် ငါပြောထားတာလေးစဉ်းစားပေးပေါ့။*

"စဉ်းစားစရာမလိုပါဘူးကွာ။ ဟိုတယ်အသစ်မှာ ကျင်းပမယ် Wedding Show မှာ မင်းဆိုင်က ကိတ်တွေနဲ့ မုန့်တွေကိုပဲသုံးဖို့ဆုံးဖြတ်ထားပြီးသားပါ။"

*ကျေးဇူးပဲ သူငယ်ချင်း။ နောက်အကူညီလိုလဲ အချိန်မရွေးပဲနော်*

"ဟုတ်ပါပြီကွာ။ အဲ့တာဆို ဖုန်းချလိုက်တော့မယ် ကိတ်လည်းရပြီဆိုတော့။"

"အေးပါ သူငယ်ချင်"

ရိုးဂုဏ်ဖုန်းကို အလျင်စလိုချပြီး ကိတ်မုန့်ကို သေချာစစ်ဆေးကြည့်လိုက်တယ်။ လက်ရာဒီဇိုင်းကအတော်လေး သေသပ်တယ်။ အရောင်စပ်ထားတာတွေလည်း မသိရင် မာလာရှမ်းကော အစစ်ပုံစံအတိုင်းပဲ။

ရိုးဂုဏ် အတော်လေး စိတ်ကျေနပ်မိတာကြောင့် ကျေးဇူးတင်စကားပြောပြီး ငွေရှင်းဖို့လုပ်လိုက်ပေမယ့် ဝန်ထမ်းတွေက သူတို့သူဌေးမှာထားတာကြောင့် ပိုက်ဆံကို လုံးဝလက်မခံပေ။

ကျွန်တော့ ကလေးမေမေ (2024){Complete}Where stories live. Discover now