အပိုင်း (၂၁)

3.2K 134 4
                                    

ကျွန်တော့ ကလေးမေမေ

Unicode

"အင့် ... ဟင့် ..."

ပေါက်စနလေးရဲ့ အော်သံကြားလို့ ညမိုး အဝတ်ခေါက်နေရင်းကနေ ပေါက်စနလေးတွေကို ပြေးကြည့်မိသည်။

"ညရောင် ..  သားသား .. "

ညမိုးက ညရောင်နာမည်လေးခေါ်လိုက်တော့ ညရောင်လေးက ညမိုးကိုတစ်ချက်သာလှမ်းကြည့်လာပြီး သူလုပ်လက်စအလုပ်ကိုသာ ဆက်လုပ်နေသည်။

"ကိုကို့ကို အနိုင်ကျင့်နေတယ် ဟုတ်လား"

ညမိုးထပ်ပြောလိုက်သော်လည်း ညရောင်လေးကတော့ ဂရုမစိုက်။ ညရောင်လေးက သူ့ကိုကိုမျက်နှာကို သူ့လက်နှစ်ဖက်လုံးနဲ့ ချုပ်ထားပြီး သူ့ကိုကိုနှာခေါင်းကို ကိုက်နေခဲ့တာဖြစ်သည်။

မိုးထက်လေးကတော့ တအင့်အင့်နဲ့ သူ့ညီလေးလက်ထဲက ရုန်းနေသည်မှာ ခြေကားယား လက်ကားယားလေးကိုဖြစ်လို့။

ညမိုးက ညရောင်လေးကို ပွေ့ပြီးချီမလိုက်တာတောင် ညရောင်လေးက သူ့ကိုကိုမျက်နှာလေးကို အလွတ်မပေးချင်။

"ညရောင်လေးက အရမ်းဆိုးပဲကွာ ဘာလို့ ကိုကို့နှာခေါင်းကိုပဲ သွားသွားကိုက်နေတာလဲ ဟမ် ... ပြောပါဦး သွားမရှိလို့သာ တော်တော့တယ် တကယ်ပဲ"

"အဟင့် .. အဟင့် ..."

သူ့ကိုကိုနှာခေါင်းကို မကိုက်ရတော့လို့ ဝမ်းနည်းသွားတဲ့ ညရောင်လေးက စတင်အော်‌ငိုတော့သည်။

မိုးထက်လေးခင်ဗျာ အိပ်ရာပေါ်ကနေ မျက်နှာလေးမဲ့တဲ့တဲ့နဲ့ သူ့ညီလေးငိုတာကို ကြည့်ရင်း အော်ငိုဖို့ဟန်ပြင်နေလေပြီ။

"ညရောင် ..  သားသား ဖေဖေညကို ကြည့်ပါဦး"

ညမိုးက ညရောင်လေးကို အာရုံပြောင်းဖို့ ညရောင်လေးနဲ့ မေးအောက်ကို သူ့နှာထိပ်လေးဖြင့် ပွတ်သပ်ရင်း လိုက်နမ်းလိုက်သည်။

အဲ့တော့မှ ညရောင်လေးကလည်း တခစ်ခစ်နဲ့ရယ်လာပြီး စိတ်ဆိုးပြေသွားတော့သည်။

မိုးထက်‌လေး ကလည်း ညရောင်လေးရယ်သံကိုကြား‌တာနဲ့ ငိုမဲ့မဲ့လေးဖြစ်နေရာမှ လက်သီးဆုပ်လေးကို ဝှေ့ရမ်းပြီး လိုက်ရယ်လာ‌လေသည်။

ကျွန်တော့ ကလေးမေမေ (2024){Complete}Where stories live. Discover now