အပိုင်း (၀၇)

3.7K 163 12
                                    

ကျွန်တော့ကလေးမေမေ

Unicode

ရိုးဂုဏ်ဆိုတဲ့ လူအနားမှာ ညမိုးနေခဲ့တာ အခုဆို တစ်လတင်းတင်းပြည့်ခဲ့ပြီ။ အရာအားလုံးက အရမ်းအေးဆေးနေတော့ ညမိုးအိမ်မက်လို့တောင် ထင်ယောင်ထင်မှားဖြစ်နေမိမှာဆိုးရသည်။

ကံဆိုးမိုးမှောင်ကျသလိုခံစားနေရတဲ့အချိန်မှာမှ ညမိုးဘဝထဲကိုဆိုက်ဆိုက်မြိက်မြိုက်ရောက်လာခဲ့တဲ့ ရိုးဂုဏ်က ညမိုးဘဝကိုသနားလို့ နတ်ဒေဝါ‌တွေ အ‌စောင့်အရှောက်တွေက ပို့ပေးလိုက်တဲ့ ကံကောင်ခြင်းအဆောင်တစ်ခုလိုပင်။

ဟန်ဆောင်ထားတဲ့ ဘဝမှာနေရပေမယ့် လိုအပ်ချက်မရှိရလေအောင် ဂရုစိုက်ပေးတက်တဲ့ ရိုးဂုဏ်ရဲ့ စောင့်ရှောက်မှုအောက်မှာနေရတာကို ညမိုး တဖြည်းဖြည်းပျော်မွေ့လာသည်။ အမှန်တိုင်းပြောရရင် ညမိုး ... ရိုးဂုဏ်ကို သံယောဇဉ်ဖြစ်နေမိပြီ။

"ညလေး ဘာတွေစဉ်းစားနေတာလဲ"

"ဒီလိုပါပဲ"

ညမိုးစဉ်းစားနေတဲ့ အကြောင်းအရာတွေကိုသာ ရိုးဂုဏ်သိသွားလျှင် ရှက်စရာကောင်းနေပါဦးမည်။

"ဒီည ညစာကို အပြင်မှာ အတူစားဖို့ပြောထားတာမှတ်မိလား"

"မှတ်မိပါတယ်"

"ဒါဆို ခဏနေလို့ ရုံးဆင်တာနဲ့ အတူသွားကြတာပေါ့။"

"ဟုတ်"

မနေ့ကတည်းက ရိုးဂုဏ်က အရေးကြီးတဲ့စကားပြောဖို့ရှိတယ်လို့ ညမိုးကိုပြောထားပြီးသား။

ဘယ်လို အရေးကြီးတဲ့အကြောင်းအရာကို ပြောဖို့လဲမသိပေမယ့် ရိုးဂုဏ်ရဲ့ လေးနက်တဲ့အမူအရာကို ကြည့်ခြင်းအားဖြင့် ကိစ္စကနက်နဲလိမ့်မည်ဆိုတာ ညမိုးရိပ်မိသည်။

ညစာစားဖို့ ညမိုးတို့ထွက်လာတော့ မိုးကအလွန်သည်းနေပြီး ကားလမ်းတွေကလဲပိတ်နေခဲ့သည်။

ကားထဲမှာ အအေးလျှော့ပေးထားပေမယ့် ညမိုးခန္ဓာကိုယ်က အနည်းငယ်ချမ်းစိမ့်သလိုခံစားနေရသည်။

ကားထဲမှာဖွင့်ထားတဲ့ စာသားမဲ့ သံစဉ်တီးလုံးသံခပ်တိုးတိုးက အနည်းငယ်တော့ ဝမ်းနည်းစရာကောင်းနေခဲ့သည်။

ကျွန်တော့ ကလေးမေမေ (2024){Complete}Where stories live. Discover now