အပိုင်း (၀၉)

3.4K 154 12
                                    

ကျွန်တော့ ကလေးမေမေ

Unicode

ဂုဏ်ရှိန်တင့် ဘိုးဘွားပိုင်စံအိမ်တော်သို့ ဒုတိယအကြိမ်ခြေချမိခြင်း။

ဦးဓနဂုဏ်က ညမိုးကို အကြာကြီးစိုက်ကြည့်နေပြီးမှ ရိုးဂုဏ်ကို လှမ်းမေးသည်။

"မင်းခေါ်လာတာ ဘယ်သူလဲ"

ညမိုးအလိုလိုပဲ ရိုးဂုဏ်အနား ကပ်နေမိတယ်။ နောက်ပြီး ရိုးဂုဏ်ဘယ်လိုပြန်ဖြေမှာလဲ ဆိုတာကိုလည်း ညမိုး သိချင်မိတယ်။

"သူ့ကို အဖေသိပါတယ်။ ညလေးကို မှတ်မိတယ်မဟုတ်လား။ တကယ်တော့ သူက ကျွနိတော့ကလေးမေမေအဖြစ်ဟန်ဆောင်ထားတာ။ အခု အဖေ့‌ရှေ့မှာရှိနေတဲ့ သူက ညမိုး။ သူ့မှာ ကျွန်တော်နဲ့ရတဲ့ ကိုယ်ဝန်ရှိနေတယ်။ အဲ့တော့ သူက ကျွန်တော့ကလေးမေမေလို့‌ပဲ မိတ်ဆက်ပေးရမှာပဲ။"

"မင်း ရူးနေတာလား ရိုးဂုဏ်။"

ဒေါသအရမ်းထွက်နေပုံရတဲ့ ဦးဓနဂုဏ်ရဲ့ အမူအရာက ညမိုးအတွက် ကြောက်စရာကောင်းလွန်းနေတယ်။

ပုံမှန်ဆို ညမိုးက တော်ရုံကြောက်တက်တဲ့လူစားမျိုးမဟုတ်။ အခုမှ ဘာလို့ ‌ညမိုးအရမ်းကြောက်နေမိမှန်းမသိဘူး။ ဟိုမုန်းဆေးတွေသောက်ထားရလို့လား ဒါမှမဟုတ် တွယ်တာစရာလူတွေများလာလို့လား ဒါမှမဟုတ် ကာကွယ်ပေးရမယ့် ပေါက်စနလေးရှိ‌နေတာကြောင့်များလား။

"ကျွန်တော်ဘာလုပ်နေလဲ ကျွန်တော်သိတယ်"

ရိုးဂုဏ်ကတော့ ညမိုးလိုမဟုတ်ပဲ တည်ငြိမ်လွန်သည်။

"မင်းက ချည်ပြီးတုပ်ပြီးသားဖြစ်အောင် လုပ်ထားတာပဲ။ ဆိုတော့ ရှေ့မှာ မင်းကခဲ့တဲ့ဇာတ်က လုပ်ဇာတ်ကြီးပေါ့။"

"အဖေ့ဂုဏ်သိက္ခာမထိခိုက်အောင် လုပ်ခဲ့တာပါ။ ပြီးတော့ ညလေးမရှိတော့မှ ညမိုးကို အဖေဆီ တရားဝင်ခေါ်လာပြီး မိတ်ဆက်ပေးလို့ရမှာလေ။"

"မင်းပါးစပ်က အဲ့စကားထွက်ရဲသေးတယ်။ မင်းက အခြေအမြစ်မရှိတဲ့ကောင်ကို ကာကွယ်ပေးနေခဲ့တာပဲ။ မင်းက အပြင်လူတွေကိုမဟုတ်ပဲ မင်းအဖေရင်းဖြစ်တဲ့ ငါဓနဂုဏ်တစ်ယောက်တည်းကို လှည့်စားခဲ့တာ။"

ကျွန်တော့ ကလေးမေမေ (2024){Complete}Where stories live. Discover now