အပိုင်း (၀၆)

4K 165 5
                                    

Unicode

ညမိုးရေးချိုးပြီးချိန်မှာတော့ ညမိုးကိုယ်ပေါ်က ဗိုက်လုံးလုံးကတော့ မရှိတော့ပြီ။

ညအိပ်ဝတ်စုံလေးဝတ်ထားတဲ့ ညမိုးက သန့်ပြန့်ပြီး မွှေးကြိုင်နေသည်။

ညမိုးက သူ့ကိုယ်သင်းရနံ့ကို သူပြန်ရှူကြည့်ရင်း သဘောအကျကြီးကျနေခဲ့သည်။

"သူဌေးတွေများကောင်းလိုက်တာ ရေချိုးဆပ်ပြာကတောင် ရေမွှေးလိုပဲ မွှေးကြိုင်နေတာပဲ"

ညမိုးက ဘယ်သူကိုမှဦးတည်ပြောနေတာမဟုတ်ပဲ သူ့ဘာသာရေရွတ်နေခြင်းဖြစ်သည်။

ရိုးဂုဏ်ကတော့ ရောက်လေရာအရပ်မှာ ပျော်အောင်နေတက်တဲ့ ညမိုးရဲ့ သဘာဝလေးကို သဘောကျမိသည်။

"ဒီနားကို လာဦး"

ရိုးဂုဏ်က ညမိုးကို ကုတင်ပေါ်တက်လာဖို့ခေါ်လိုက်သည်။

ညမိုးလည်း နာနာခံခံပင် ကုတင်ပေါ်တက်ပြီး ရိုးဂုဏ်ထိုင်သလိုပဲ ရိုဂုဏ်၏ မျက်နှာချင်ဆိုင်မှာ တင်ပျဉ်ခွေထိုင်လိုက်သည်။

"လက်ပေး"

ညမိုးက ကြောင်အမ်းအမ်းလေးဖြစ်နေပြီး ရိုးဂုဏ်၏ဆန္ဒအတိုင်း သူ့လက်ကလေးကို ရိုးဂုဏ်ရှေ့မှာဆန့်တန်းပေးလိုက်သည်။

ရိုးဂုဏ်က ညမိုးရဲ့ လက်ကို နူးနူးညံ့ညံ့လေးကိုင်တွယ်ရင်း နို့နှစ်ရောင် အရည်တစ်ချို့ကို လိမ်းပေးလာသည်။

"အဲ့တာ ဘာတွေလဲ"

"အဲ့တာက ညလေးရဲ့ လက်တွေကို ပိုပြီး စိုပြေနူးညံ့လာစေလိမ့်မယ်"

အခုမှ ညမိုး သူ့လက်က အသားမာတစ်ချို့တက်နေတာကို သတိထားကြည့်မိသွားသည်။ အသားမာတင်မကပဲ ညမိုးလက်မှာ ပြတ်ရှ ဒဏ်ရာတစ်ချို့လည်းရှိနေသည်။

"ကျုပ်ကိုယ့်ဘာသာ ဂရုမစိုက်နိုင်ခဲ့တာ အတော်ကြာနေပြီ ဘယ်ကတည်းက အဲ့လိုကြမ်းတမ်းပြီး ရုပ်ဆိုးတဲ့လက်တွေဖြစ်သွားမှန်းတောင် မသိလိုက်ဘူး။"

"ကျုပ်လို့မပြောနဲ့ ..."

"ကျုပ် .. မဟုတ် .. ညလေး မေ့သွားတာ နောက်မဖြစ်စေရဘူး"

ကျွန်တော့ ကလေးမေမေ (2024){Complete}Dove le storie prendono vita. Scoprilo ora