အပိုင်း (၂၃)

2.8K 124 31
                                    

ကျွန်တော့ ကလေးမေမေ

Unicode

"ညရောင် .... မိုးထက် ... ဘယ်ရောက်နေကြပြန်ပြီလဲကွယ်"

ညမိုး မျက်နှာလေးတစ်ချက်လွဲလိုက်တာနဲ့ ပျောက်သွားကြတဲ့ ပေါက်စနလေးတွေ။

"ဖေ ... ည ..."
"ဖေ ...."

အသံစာစာလေးတွေကြားလို့ လှည့်ကြည့်တော့မှာ ဆိုဖာထိုင်ခုံနောက်ကနေ ခေါင်းလေးတွေပြူပြီးကြည့်နေကြတဲ့ ပေါက်စနလေးတွေကို ညမိုးတွေ့ရသည်။

"ကြည့် အဲ့နောက်ထဲ ဝင်ကစားပြန်ပြီ"

"ဖေ .... ည ... ဟစ် ... လာ .... လာ ..."

ညမိုးကိုပါ ခေါ်ပြီး ကစားချင်နေပုံရတဲ့ ပေါက်စလေးတွေက သူတို့လက်ပုတိုလေးတွေနဲ့ လက်ယက်ခေါ်လာတယ်။

"ဖေဖေ ည မအားသေးဘူး။ လာ .... ထွက်လာကြတော့ ကောင်ကောင်ကိုက်လိမ့်မယ်။"

"ကောင် ကောင် ကိုက်ဘူး .... ဖေ ... ည .... လာ ...."

အခုမှ နှနှစ်တောင်မပြည့်သေးတာကို ညမိုးကို လူလည်ကျချင်နေပြီ။

"တုတ် ... တုတ် ... နော်။ လာမှာလား။ မလာဘူးလား။"

"တုတ် ... တုတ် ... ကြောက် ..."
"ဖေ ... ည ... တုတ် ... ကြောက်"

တုတ်နဲ့ခြောက်မှ လှုပ်တုပ်လှုပ်တုပ်နဲ့ တယိမ်းထိုးပြီး ညမိုးဆီပြေးလာကြတဲ့ ပေါက်စ‌နလေး ညရောင်နဲ့မိုးထက်။

အကြောင်အလန့်မရှိတဲ့ ပေါက်စနလေး‌တွေ ကို ထိန်းရသည်မှာ ညမိုးအတွက်‌မလွယ်လှပေ။ အဲ့တာကြောင့်လည်း အနည်းငယ်အဟန့်အတားဖြစ်စေရန် ပေါက်စနလေးတွေရှေ့မှာ ညမိုးက ဖိုးသားကို တုတ်နဲ့ရိုက်ချင်ယောင်ဆောင်ပြခဲ့ပြီး ဖိုးသားကလည်း အသံပြဲကြီးနဲ့ ဟန်လုပ်ငိုပြခဲ့တာကြောင့် "တုတ်" ဆိုတဲ့ အသံကြားရင်တော့ ပေါက်စနေတွေက ကြောက်သည်။

"ခုံနောက်ထဲ ဝင်မကစားဖို့ ဖေဖေညမှာထားတယ်လေ။ ဘာလို့စကားနားမထောင်တာလဲ မြောင်မြောင်တွေ ပိုးဟပ်တွေ ကိုက်မှာမကြောက်ဘူးလား ဟမ် ..."

ညမိုးနည်းနည်းလေးဆူလိုက်တာနဲ့ လက်ကလေးပိုက်ပြီး ခေါင်းကိုငုံ့ထားကြတော့တာ။ နှုတ်ခမ်းကလည်း တစ်တောင်လောက်စူထားသေးတာ။

ကျွန်တော့ ကလေးမေမေ (2024){Complete}Where stories live. Discover now