အပိုင်း(၁)

3.5K 9 0
                                    

မင်းထက် နဲ့ သူဇာတို့ နယ်မြို့လေးတမြို့သို့ အိမ်ပြောင်းလာကြသည်။

တကယ်တော့မင်းထက်တို့ အတွဲက အိမ်ထောင်ကျတာ ၂နှစ်ပဲရှိသေးတာ။

မင်းထက်က Company ကြီးတခုရဲ့ Marketing Manager ဖြစ်ပြီး သူဇာက ဓာတ်ပုံဆရာမ ဖြစ်သည်။

မင်းထက်ရဲ့ အလုပ်အကိုင်က ရာထူးတက်တော့ မန္တလေးကနေ နယ်မြို့တခုဆီကို transfer ကျလာခြင်းဖြစ်သည်။

"ဟူး... ပင်ပန်းလိုက်တာ မောင်ရယ်"

"အိမ်ပြောင်းစ မို့လို့ လုပ်စရာများနေတာပါ ချစ်ရဲ့"

"အသားကျသွားရင် ok သွားလိမ့်မယ်"

အိမ်ပြောင်းတဲ့သူတွေထုံးစံအတိုင်း လုပ်စရာတော့အများသား။

ကံကောင်းလို့ မင်းထက်တို့အတွဲ Company က အိမ်အသေးလေးပေးလို့ တော်တော်အဆင်ပြေနေသည်။

မဟုတ်ရင် အိမ်ရှာရတာကိုက အလုပ်တခုဖြစ်လိမ့်မယ်။

အရင်နေတဲ့သူတွေက သပ်သပ်ရပ်ရပ်နေသွားတော့ အများကြီး မပြင်ရပေမဲ့ ထုံးစံအတိုင်း စပြောင်းစလူတွေအတွက်တော့ လုပ်စရာတွေ အများသားမဟုတ်လား။

"ကဲ အခုတော့ပြီးပြီမလား။"

ပင်ပန်းတယ်။ တရေးလောက်အိပ်ကြရအောင်။"

နှစ်ယောက်လုံးမောမောပန်းပန်းနဲ့အိပ်လိုက်တာမှ သိုးနေရော။

မင်းထက်ရဲ့ နာမည်အရင်းက တကယ်တော့ "မင်းထက်အောင်"

အကုန်လုံးက မင်းထက် ဆိုပြီးခေါ်ကြတော့ မင်းထက်ပဲဖြစ်သွားတာ။

မင်းထက်က အရပ်က ၅ပေ၉။ အသက်က ၃၃။အသားလတ်လတ်။ Body က ခပ်ပြည့်ပြည့်။

သူဇာမတိုင်ခင် အီစီကလီ ၂ယောက်တော့ရှိခဲ့ဖူးပေမဲ့ သူဇာနဲ့မှ အချစ်ကို စတွေ့သွားပြီးလက်ထပ်လိုက်တာ။

သူဇာနဲ့ တွေ့ပုံကလည်း အဆန်းမဟုတ်။

ကုန်ပစ္စည်းအသစ်တခုအတွက် ကြေငြာရိုက်ဖို့ ဓာတ်ပုံဆရာရှာရင်း စတွေ့တာ။

စတွေ့ကတည်းက နှစ်ယောက်စလုံး သရိုးသရီဖြစ်ကြ။

အလုပ်ကိစ္စအကြောင်းပြရ၊ ဖုန်းနံပါတ်တွေဖလှယ်ရင်း ရည်းစားတွေဖြစ်။

ရည်းစားဖြစ်ပြီး ၂နှစ်လောက်ကြာမှ လက်ထပ်လိုက်ကြတာ။

သူဇာရဲ့ နာမည်ရင်းက "သူဇာခင်ခင်"

သူဇာက တက်စက်စ ဓာတ်ပုံဆရာ။

အဖေက နာမည်ကြီး ဓာတ်ပုံဆရာဆိုတော့ အဖေကို အားကျရင်း ဓာတ်ပုံပညာကိုရူးသွပ်သွားတာ။

သူဇာက အရပ် ၅ပေ၃။ အသက်က ၂၉။အစက သွယ်သွယ်လျလျဆိုပေမဲ့ လက်ထပ်ပြီး ကလေးမလိုချင်တေယ့ သန္ဓေသားဆေးတွေသောက်ရင်က ခပ်ပြည့်ပြည့်လေးဖြစ်လာတာ။

ပြည့်ပြည့်လေးဆိုပေမဲ့ အရမ်းဝနေတာမျိုးမဟုတ်ဘဲ ခါးမှ အဆီနည်းနည်းစုလာတာရယ်၊ ရင်လေး၊ ဖင်လေးပိုကြီးလာတာရယ်ပဲရှိမယ်။

လက်ထပ်ပြီးစတုန်းကတော့ နှစ်ယောက်စလုံးက အရူးအမူးပေါ့လေ။

ရန်ကုန်မှာနေကတည်းက အိမ်ခွဲနေတာဆိုတော့ နေ့ရက်တိုင်းက ဟန်းနီးမွန်းပဲ။

အိပ်ခန်းတင်မကဘူး။

အိပ်ရှေ့ခန်း၊ ထမင်းစားခန်း၊ ယုတ်စွမဆုံးအဝတ်လျှော်စက်ပေါ်တောင် မချန်ဘူး။

အချိန်တိုင်းချစ်ကြတာ။

အခုတော့ လက်ထပ်ပြီး ၂နှစ်ကျော်လာတော့ ပုံမှန်ဖြစ်လာတော့ပေါ့လေ။

နှစ်ယောက်သား အလုပ်အားတဲ့အချိန်ဆုံရင် တနေ့မှာ ၅ခါ ၆ခါလောက်ထိ ချစ်ကြပေမဲ့ အလုပ်ရှုပ်နေတဲ့အချိန်က တပတ်တခါတောင် မချစ်နိုင်ကြဘူး။

ကလေးကလည်း နောက်ထပ် ၂နှစ်လောက်ကြာမှ ယူဖို့အစီအစဉ်ရှိတော့ ကလေးကိစ္စတရန်အေးရတာပေါ့လေ။

"ကို နိုးပြီလား။"

"ဒီနေ့တော့ ချစ် ဟင်းမချက်တော့ဘူး။ online ကနေ delivery ပို့လို့ အခုရောက်နေပြီ။"

"တရုတ်ဟင်းတွေပဲ မှာထားတယ်။ ဒါက ကြက်ကုန်းဘောင်၊ ဆယ်နှစ်မျိုးဟင်းချို၊ ရွှေပဲသီးကြော်၊ ဆေးဘဲဥသုပ်။"

"အဆင်ပြေတယ်မလား ကို။"

"ပြေတာပေါ့ချစ်ရဲ့။ လာ ကိုတို့စားကြရအောင်"

ဒီလိုနဲ့ ၂ယောက်သား နေရာအသစ်မှ နေသားကျစပြုလာတာပေါ့လေ။

တလလောက်ကျတော့ နီးစပ်ရာ အိမ်နီးနားချင်းတွေဖိတ်ပြီး အိမ်သစ်တက်မင်္ဂလာ လုပ်ကြတယ်ပေါ့လေ။

ဒီမှာတင် ဇာတ်လမ်းစပါလေရော။

အပေးအယူဆန်သောချစ်ခြင်းWhere stories live. Discover now