အပိုင်း(၄၁)

1.2K 3 0
                                    

(၃)တွဲစလုံးထွေရာလေးပါးပြောလိုက်၊ ရယ်လိုက်၊ မောလိုက်ပြောနေရင်း ည(၈)နာရီ ထိုးသွားလေသည်။

သူဇာနဲ့ ကိုမျိုးလွင်က စားပွဲခုံမှာ မျက်စောင်းထိုး အနေအထားလောက်ဖြစ်နေပေမဲ့ တချက်တချက် အကြည့်ချင်းဆုံကြသည်။

ဘေးမှာ သက်ဆိုင်သူကိုယ်စီရှိနေကြသဖြင့် အရမ်းကြီး ပေါ်ပေါ်ထင်ထင် မကြည့်ရဲကြပေ။

"ကဲ.......အကုန်လုံးလည်း စာပြီးသောက်ပြီးဆိုတော့ ပွဲရဲ့ Main target ဆီ သွားကြတာပေါ့"

Emma ဝိုင်တွေသောက်ထားသဖြင့် ရီဝေဝေဖြစ်နေကာ အာသွက်လျှာသွက်နေသည်။

"ကဲ Emma တို့ လုပ်မဲ့ပုံစံ၊ စည်းမျဉ်းစည်းကမ်းလေး အရင် ရှင်းပြမယ်နော်"

"ဒီ ဖန်ခွက်ထဲမှာ ကတ်ပြားသုံးပြားပါတယ်"

"အနီ၊ အဝါ၊ အပြာ ဆိုပြီး"

"အနီရောင်ကတ်ပိုင်ရှင်က ဘယ်သူ၊ အဝါရောင်ကတ်ပိုင်ရှင်က ဘယ်သူဆိုတာ တို့နဲ့ ကိုမျိုးလွင်ပဲ သိတယ်"

"မဲဆွဲရမှာက မိန်းကလေးတွေချည်း ဆွဲရမှာ"

"တို့က သိနှင့်နေပြီးသားဖြစ်တဲ့အတွက် တို့နောက်ဆုံးမှ ယူမယ်"

"ကျတဲ့သူက ကံ ပဲ"

"ဘာလို့လည်း ဆိုတော့ တခြား အမျိုးသားတယောက်နဲ့ ကျနိုင်သလို ကိုယ့်ခင်ပွန်းကိုလည်း ပြန်ကျနိုင်တယ်"

"တခြားအမျိုးသားနဲ့ဆို လဲလို့ မရပေမဲ့ ကိုယ့်အမျိုးသားကို ကျလို့ ခဲချင်ရင်တော့ တခြားအတွဲနဲ့ညှိပြီး လဲနိုင်တယ်"

"ပြီးတော့ မဲဆွဲတဲ့အမျိုးသမီးက ကိုယ်ကျတဲ့ အမျိုးသားရဲ့ အိမ်ကို လိုက်သွားရမှာပါ"

"ပြီးတော့ ဖြစ်နိုင်ရင်တော့ ကွန်ဒုံးသုံးစေချင်ပါတယ်"

"မသုံးချင်ဘူးဆိုလည်း မိမိနဲ့ အတူတူကျတဲ့ အဖော်ရဲ့ ခွင့်ပြုချက်တော့ ယူပါ"

"ဒါပေမဲ့ တခုတော့ ရှင်းအောင်ပြောလိုက်ပါမယ်။ လိင်ကတစ်ဆင့်ကူးစက်တတ်တဲ့ရောဂါတွေ ကူးစက်ခဲ့ရင် ဒါဟာ ကာယကံရှင်နှစ်ယောက်နဲ့ပဲ ဆိုင်မှာပါ"

အပေးအယူဆန်သောချစ်ခြင်းWhere stories live. Discover now